ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ် ရွှေတိဂုံဘုရားလမ်းရှိ တန့်တော်မူစေတီအုတ်ရိုးအား ယာဉ်တစ်စီးတိုက်မိပြီး တိမ်းမှောက်မှု မတ် ၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။
မတ် ၈ ရက် ၊ ည ၁၁ နာရီကျော်ခန့်တွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ် ရွှေတိဂုံဘုရားလမ်းရှိ တန့်တော်မူစေတီအုတ်ရိုးအား ယာဉ်တစ်စီးမှ တိုက်မိခဲ့ကြောင်း ၊ တိုက်မိခဲ့သည့် ယာဉ်မှာ Toyota Vitz ယာဉ်အမျိုးအစားဖြစ်ကြောင်း ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ရောက်ရှိခဲ့သည့် ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။
Toyota Vitz ယာဉ်မှာ တန့်တော်မူစေတီအုတ်ရိုးအား တိုက်မိခဲ့ပြီးနောက်တွင် တိမ်းမှောက်ခဲ့ကြောင်း ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ရောက်ရှိခဲ့သည့် ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ရောက်ရ်ှိခဲ့သည့် ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ စုံစမ်းသိရှိရသည်။















