တောင်သာမြို့နယ်ရှိ အထက်တန်းကျောင်း Drop Bomb များဖြင့်  ပစ်ချတိုက်ခိုက်ခံရ

တောင်သာမြို့နယ်ရှိ အထက်တန်းကျောင်း Drop Bomb များဖြင့်  ပစ်ချတိုက်ခိုက်ခံရ
Published 9 March 2023

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းကို မတ် ၈ ရက် နံနက် ၁၁ နာရီခန့်က Drone ယာဉ် တစ်စင်းနှင့် Drop Bomb နှစ်လုံး ပစ်ချတိုက်ခိုက်ခံခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။ 

အဆိုပါ Drop Bomb နှစ်လုံးမှာ ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရှိ မြေကွက်လပ်နှင့် ကျောင်းအုတ်တံတိုင်း ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အအုံ ထိခိုက်ပျက်ဆီးမှု မရှိခဲ့ကြောင်း နစကက ထုတ်ပြန်သည်။ 

ယင်းဖြစ်စဉ်တွင် ကျူးလွန်သူများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း နစကက ထုတ်ပြန်သည်။ 

Most Read

Most Recent