ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်အဖြစ် ပြန်လည်ဖွင့်လှစ်ပြီး ပတ်စပို့စာအုပ်များဖြင့် ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်းသိရ

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်အဖြစ် ပြန်လည်ဖွင့်လှစ်ပြီး ပတ်စပို့စာအုပ်များဖြင့် ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်းသိရ
Published 8 March 2023
ဇော်မိုးဦး (မြိတ်)

ကော့သောင်းမြို့မဆိပ်ခံတံတားကို တွေ့ရစဉ်

ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ရာ ပတ်စပို့ စာအုပ်များဖြင့် ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ ကော့သောင်း မြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းမြို့ကို ဆက်သွယ်ထားသည့်နယ်စပ်ဂိတ်ကို နှစ်နိုင်ငံ အပြန်အလှန်စာထုတ်ပြန်ကာ မတ် ၇ ရက်မှ စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ခွင့်ပြုပေးလိုက်သည့်အတွက် ပတ်စပို့၊ CI စာအုပ်များဖြင့်ထိုင်းနှင့် မြန်မာ နိုင်ငံကို အလည်အပတ်သွားလာနိုင်ပြီဖြစ် ကြောင်း သိရသည်။

“နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနတွေ က စာထုတ်လိုက်ပြီး ခွင့်ပြုပေးလိုက်တယ်ကြား ပါတယ်။ အရင်လို TBP, BP တို့နဲ့ သွားနေလို့ ရသလို ပတ်စပို့နဲ့ပါ သွားလို့ရပြီဆိုတော့ တ တိယနိုင်ငံသားတွေပါ လည်ပတ်သွားလာနိုင် ပြီဖြစ်တယ်။ ကော့သောင်းကမ်းနားမှာတော့ ပတ်စပို့စာအုပ်တွေနဲ့ သွားလာနေတာတွေ့ နေရတယ်”ဟု ကော့သောင်းမြို့မှ ဒေသခံ တစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိအမြဲတန်းနယ်စပ်ဂိတ်များဖြစ်သည့် ထီးခီး-ဖူနမ် ရွန် နယ်စပ်ဂိတ်နှင့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်နှစ်ခုတွင် ထီးခီး- ဖူနမ်ရွန်နယ်စပ် ဂိတ်အား ချန်လှပ်ထားပြီး ကော့သောင်း-ရ နောင်းနယ်စပ်ဂိတ်အား အပြည့်အဝပြန်လည် ဖွင့်လှစ်ရန်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်စာတွင် ရေးသားထားကြောင်း သိရသည်။

“မနေ့က ရုတ်တရက်ကြီး ပတ်စပို့စာအုပ် တွေနဲ့ သွားလာလို့ရပြီလို့ သိလိုက်ရတယ်။အဲဒီမတိုင်ခင်က ထိုင်းခရီးသွားလုပ်ငန်းရှင် အသင်းတွေ ကော့သောင်းကို လာရောက်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ထိုင်းနိုင်ငံသား တွေ ကျွန်းခရီးစဉ်တွေ လည်ပတ်ခွင့်ရရှိဖို့ ပတ် စပို့စာအုပ်တွေနဲ့ ခရီးသွားလာခွင့်ရရှိဖို့ အဆို ပြုထားတာရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ နှစ် နိုင်ငံသဘောတူညီချက်တွေနဲ့ ဖွင့်လှစ်ပေး လိုက်တယ်လို့ သိရတယ်။ ရုံးပိတ်၊ ကျောင်းပိတ် ရက်တွေလည်း ရောက်လာပြီဆိုတော့ ပြည်သူ တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပိုမို အဆင်ပြေမှာပါ”ဟု ဒေသခံတစ်ဦးက ပြော ကြားသည်။

ဗီဇာစာအုပ်ဖြင့် သွားလာခွင့်ရသည့်အတွက် အဝင်အထွက်တုံးထုကာ သွားလာနိုင်ပြီ ဖြစ်သည့်အတွက် ကုန်ကျစရိတ်များစွာ သက် သာကြောင်း၊ ယခင်က တရားဝင်အထောက် အထားများရှိသော်လည်း TBP, BP  တို့ သာရှိ သဖြင့် ခိုးဝင်ခိုးထွက်လုပ်ခဲ့ရကြောင်း ရွှေ့ ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနမှအဆိုပြု လာသည့် အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက် များ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ပတ်သက် ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့ သောင်း-ရနောင်းနယ်စပ်ဝင်ပေါက်ကို ကျန်း မာရေးဝန်ကြီးဌာန၏ ခရီးသွားသတ်မှတ်ချက် များနှင့်အညီ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစတင်ပိတ်ထားခဲ့သည့် ကော့သောင်း-ရ နာင်းနယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ဇွန် ၁ ရက် တွင် TBP, (Temporary Border Pass), BP (Border Pass)  များဖြင့် စတင်ခွင့်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ် မတ် ၇ ရက်တွင် ပတ်စပို့၊ CI စာအုပ်များဖြင့် စတင်ဖြတ်သန်းသွားလာနိုင် ပြီဖြစ်ကြောင်း သိရသည်။ 

 

 

Most Read

Most Recent