စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 2 March 2023

ရီးယဲလ်မက်ဒရစ် နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘာနေဗျူးကွင်းမှာကစားတဲ့ လာလီဂါပထမအကျော့မှာ ရီးယဲလ်အသင်း အနိုင်ရခဲ့ပြီး မကြာသေးခင်က စပိန်စူပါဖလားပွဲမှာတော့ ဘာစီလိုနာက ရှုံးကြွေးပြန်ဆပ်ထားတယ်။ လတ်တလောမှာ ဘာစီလိုနာက ယူရိုပါလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်တဲ့အပြင် လာလီဂါမှာလည်း အမှတ်ဖြတ်ထားနိုင်လို့ ဘုရင့်ဖလားက အသင်းအဖို့ နံပါတ်တစ်ပစ်မှတ်ဖြစ်နေတယ်။ နည်းပြ ဇာဗီကလည်း ဒီရာသီမှာ ပြည်တွင်းဖလား(၃)လုံးစလုံးကို အရယူသွားမယ်လို့ ကြုံးဝါးထားတယ်။ ရီးယဲလ်အသင်းက ကွင်းလယ်ပိုင်းမှာ အပြောင်းအလဲများနေပြီး ညာတောင်ပံကလည်း ဗယ်လ်ဗာဒီကိုပဲ ပြန်သုံးရမယ့်အခြေအနေ ရောက်နေတယ်။ ချူယာမန်နီ ပြန်ကစားနိုင်နေပြီဖြစ်လို့ ကွင်းလယ်(၃)ယောက်တန်းမှာ မိုဒရစ်၊ ကာဗာဗင်ဂါတို့နဲ့ တွဲပြီးပွဲထုတ်မယ့် အနေအထားပါပဲ။ ဘာစီလိုနာကတော့ အန်ဆူဖာတီ၊ ဖယ်ရန်တောရက်စ်တို့ရဲ့ခြေစွမ်းကို မကြိုက်တဲ့ ဇာဗီအနေနဲ့ ဂါဗီကိုပဲ ဘယ်တောင်ပံ ပြန်ကစားခိုင်မလား စောင့်ကြည့်ရမယ်။ မက်ဒရစ်မြေဖြစ်လို့ အိမ်ရှင် အနိမ့်ဆုံးသရေကစားမယ်။

Most Read

Most Recent