လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ယခင်နှစ်ကာလတူထက် ပို့ကုန်/သွင်းကုန်ကဏ္ဍနှစ်ခုစလုံးမြင့်တက်ခဲ့သဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၁၂၉ ဘီလျံကျော် ပိုမိုရရှိိ

လက်ရှိဘဏ္ဍာနှစ် ၁၀ လခွဲအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ယခင်နှစ်ကာလတူထက် ပို့ကုန်/သွင်းကုန်ကဏ္ဍနှစ်ခုစလုံးမြင့်တက်ခဲ့သဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၁၂၉ ဘီလျံကျော် ပိုမိုရရှိိ
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 25 February 2023

လက်ရှိဘဏ္ဍာနှစ် ၁ဝလခွဲအတွင်း မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုတွင် ယခင်နှစ်ကာလတူထက် ပို့ကုန်/သွင်းကုန်ကဏ္ဍနှစ် ခုလုံးမြင့်တက်ခဲ့သဖြင့် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၄ ဒသမ ၁၂၉ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဖေဖော်ဝါရီ ၁၇ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဒသမ ၉၆၀ ဘီလျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၂၅ ဒသမ ၈၃၁ ဘီလျံသာရှိသည်။ လက်ရှိ ဘဏ္ဍာနှစ် ၁၀ လခွဲတွင် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၄ ဒသမ ၁၂၉ ဘီလျံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်ပမာဏ ဒေါ်လာ ၁၄ ဒသမ ၆၆၈ ဘီလျံရှိပြီး ယခင်နှစ်ကာလတူ ထက် ၁ ဒသမ ၅၆၅ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏ ဒေါ်လာ ၁၅ ဒသမ ၂၉၁ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၅၆၃ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန် ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေ ထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်း ကဏ္ဍစသည်တို့ ပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံကျော်သာရရှိပြီး ယခင် ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၇ ဒသမ ၁၄၆ ဘီ လျံကျော် ကုန်သွယ်မှုလျော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးဒေါ် လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း ( ၁၄ ဒသမ ၉၂၇ ဘီလျံ)၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလျံ)ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ) ရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊ သွင်းကုန် တန်ဖိုးဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆၇၃၁ ဒသမ ၉၄၂ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန် သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

Most Read

Most Recent