■ ဘွန်ဒစ်လီဂါ ပွဲစဉ်-၂၁ နှင့် ပြင်သစ်လိဂ် ပွဲစဉ်-၂၄ ပွဲကြိုသုံးသပ်ချက်

■ ဘွန်ဒစ်လီဂါ ပွဲစဉ်-၂၁ နှင့် ပြင်သစ်လိဂ် ပွဲစဉ်-၂၄ ပွဲကြိုသုံးသပ်ချက်
Published 19 February 2023

◘ အူန်ယွန်းဘာလင် - ရှော်လ်ကေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၉းဝ၀ နာရီ)

အေဂျက်စ်အသင်းနဲ့ ယူရိုပါလိဂ်နှစ်ကျော့ကြားမှာ ကစားရတာဖြစ်လို့ အူန်ယွန်းဘာလင်အသင်း ခြေကုန်ထုတ်ပါ့မလား စဉ်းစားစရာပါ။ အူန်ယွန်းဘာလင် ဂိုးပြတ်နိုင်ခြေမရှိလို့ ဧည့်သည်အသင်းနဲ့ စွန့်စားတာပိုကောင်းမယ်။

◘ ဒေါ့မွန် - ဟာသာဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၁၁းဝ၀ နာရီ)

ကြားရက်မှာ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲ ကစားထားရလို့ ဒေါ့မွန် ပွဲပန်းနေနိုင်တာကိုတော့ သတိပြုရမယ်။ ဟာသာဘာလင် နိုင်ပွဲပြန်ရထားပေမဲ့ အများကြီးတော့ မပြောင်းလဲပါဘူး။ ဒေါ့မွန်ပဲ ဂိုးပြတ်နိုင်ဖို့များတယ်။

◘ လေဗာကူဆင် - မိန့်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁းဝ၀ နာရီ)

လေဗာကူဆင်အနေနဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာ ဒေါ့မွန်ကို အရေးနိမ့်ထားပေမဲ့ ခြေစွမ်းပိုင်း တည်ငြိမ်ပါတယ်။ လေဗာကူဆင် အနိုင်ကစားမှာပါ။

◘ PSG - လိုင်လီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၆း၃၀ နာရီ)

မိုနာကိုကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာက PSG အသင်းအတွက် အချက်ပေးခေါင်းလောင်းသံပါပဲ။ လက်ရှိအချိန်အထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ အမှတ်ဖြတ် ဦးဆောင်နေဆဲဆိုပေမဲ့ အမှားထပ်လုပ်လို့မရတာတော့ အမှန်ပါပဲ။ ကြားရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် အိမ်ကွင်းပထမအကျော့ပွဲမှာလည်း ရှုံးပွဲကြုံထားလို့ ပြိုင်ပွဲနှစ်ခုအကြားမှာ PSG အသင်း ဗျာများနေနိုင်ပါတယ်။ လိုင်လီကတော့ ရလဒ်တွေ ဆက်တိုက်ကောင်းနေသလို၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက်ရှိလာလို့ ပိုပြီးအားစိုက်လာနိုင်ပါတယ်။ လိုင်လီတို့ အမှတ်ရပါလိမ့်မယ်။

◘ လော်ရီယန့် - အာယက်စီယို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၈း၃၀ နာရီ)

လော်ရီယန့်က လက်ရှိရလဒ်ပိုင်း မတည်ငြိမ်ပေမဲ့ အိမ်ကွင်းမှာတော့ အမှားနည်းပါတယ်။ လော်ရီယန့် နိုင်ပွဲပြန်ယူမှာပါ။

◘ ဘရက်စ် - မိုနာကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၈း၃၀ နာရီ)

နိုင်ပွဲတွေဆက်နေတဲ့အပြင် PSG ကိုပါ အနိုင်ရလိုက်လို့ မိုနာကို ယုံကြည်မှုမြင့်နေနိုင်တယ်။ အခုလည်း အဝေးကွင်းကစားရမှာဆိုပေမဲ့ မိုနာကိုအတွက် အခက်အခဲမရှိနိုင်ပါဘူး။ ချန်ပီယံဆုမျှော်လင့်ချက်အတွက် မိုနာကို နိုင်ပွဲဆက်ဦးမှာပါ။

◘ ရန်းစ် - ကလယ်မွန့် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၈း၃၀ နာရီ)

နှစ်သင်းစလုံး ဖိအားမရှိပေမဲ့ ရန်းစ်က ဥရောပဝင်ခွင့် မျှော်လင့်ချက်အတွက် အိမ်ကွင်းမှာ ဖိဖိစီးစီးကစားပါလိမ့်မယ်။ ကလယ်မွန့် အဝေးကွင်းအားနည်းလို့ ရန်းစ်ကိုပဲ ရွေးထားမယ်။

◘ ထရွိုင်စ် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၈း၃၀ နာရီ)

တန်းဆင်းဇုန်စက်ကွင်းထဲက ရုန်းထွက်ချင်တယ်ဆိုရင်တော့ ထရွိုင်စ်တို့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့လိုပါလိမ့်မယ်။ မောင့်ပယ်လီယာ ခြေမငြိမ်လို့ ထရွိုင်စ်နဲ့ပဲ အရဲစွန့်ချင်တယ်။

◘ လန်းစ် - နန့်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၁ဝး၃၅ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် လန်းစ်တို့ အမှားခံလို့မရတော့ပါဘူး။ (၄)ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ လန်းစ်တို့ အခုအိမ်ကွင်းမှာ နိုင်ပွဲပြန်ယူပါလိမ့်မယ်။

◘ တူးလူး - မာဆေးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ချန်ပီယံပြေးလမ်းထဲ ပြန်ရောက်လာခဲ့လို့ မာဆေးလ်တို့ ပွဲတိုင်းကို ဂရုစိုက်လာဖို့ရှိနေပါတယ်။ ဒါပေမဲ့ တူးလူးကလည်း ဖိအားကင်းနေသလို ရလဒ်ကောင်းတွေလည်းရယူနေလို့ မာ ဆေးလ်အတွက် မလွယ်ကူပါဘူး။ သရေကျဖို့များတဲ့ပွဲပါ။

Most Read

Most Recent