ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကုမ္ပဏီ/လုပ်ငန်းစုစုပေါင်း ၅၉၉၀ အတွက် ချေးငွေပမာဏ ကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလျံထုတ်ပေး

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကုမ္ပဏီ/လုပ်ငန်းစုစုပေါင်း ၅၉၉၀ အတွက် ချေးငွေပမာဏ ကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလျံထုတ်ပေး
ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တွေ့ရစဉ်
ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကို တွေ့ရစဉ်
Published 19 February 2023

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကုမ္ပဏီ/လုပ်ငန်းစုစုပေါင်း ၅၉၉၀ အတွက် ချေးငွေပမာဏ ကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလျံချေးငွေထုတ်ပေးခဲ့ကြောင်း လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါ၀ါမောင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌  Hybrid Meeting ဖြင့် ကျင်းပသည့် ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)တွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ဒုတိယ ဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်များရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ ငါး၊ပုစွန်မွေးမြူရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ CMPလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)လုပ်ငန်းများအပါ အဝင်ကုမ္ပဏီ/ လုပ်ငန်းစုစုပေါင်း ၅၉၉၀ အတွက် ချေးငွေပမာဏ ကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလျံ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၇ ခုအတွက် ချေးငွေပမာဏကျပ် ၇ ဒသမ ၆၃ ဘီလျံ ချေးငွေထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါထုတ်ပေးထားသည့် ချေးငွေများကို စိစစ်ကြီးကြပ်ဆောင်ရွက်ရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေရှိမှုတို့ကိုသာမက ချေး ငွေထုတ်ပေးထားသည့်လုပ်ငန်းများ၏ အောင်မြင်မှုနှင့်လုပ်ငန်းလည်ပတ်နိုင်မှု အခြေအနေကိုစောင့်ကြည့်လေ့လာအကဲဖြတ် ခြင်း (Monitoring and Evaluation Process) ဆောင်ရွက်နိုင်ရေးအတွက် Success Story စစ်တမ်းကောက်ယူရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာသူများက ချေးငွေနှင့်အတိုး ကောက်ခံရရှိမှုအခြေအနေ၊ ချေးငွေထုတ်ယူထားသောလုပ်ငန်းများမှ ပြန်လည်ပေးဆပ်လျက်ရှိသည့်အခြေအနေ၊ Success Story စစ်တမ်းကောက်ယူရန် ပူးပေါင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါ၀ါမောင်၊ တိုင်းဒေသကြီး/ ပြည်နယ်ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent