ယူနန်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် Platform တည်ဆောက်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်လိုကြောင်း ယူနန်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားရေးမှူးချုပ်ပြောကြား

ယူနန်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် Platform တည်ဆောက်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်လိုကြောင်း ယူနန်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားရေးမှူးချုပ်ပြောကြား
ယူနန် - မြန်မာ စီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲကိုတွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ယူနန် - မြန်မာ စီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲကိုတွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 16 February 2023

ယူနန်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် Platform ကို တည်ဆောက်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကို  ချိတ်ဆက်ဆောင်ရွက်လိုကြောင်း ယူနန်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားရေးမှူးချုပ် Dr.Li Chenyang က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာလုပ်ငန်းရှင်များ အများအပြားတက်ရောက် ခဲ့သည့် ယူနန် - မြန်မာ စီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ၂၀၂၃ ခုနှစ် ဖေ ဖော်ဝါရီလ ၁၅ ရက်က ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ယူနန်ပြည်နယ်၊ကူးသန်းရောင်းဝယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Dr.Li Chenyang က မြန် မာပြည်သည် အကြီးမားဆုံးသော Trading Partner ဖြစ်ကြောင်း၊ယူနန်-မြန်မာအကြား စီးပွားရေးကုန်သွယ်မှု ပူးပေါင်းဆောင် ရွက်ရန် Platformကို တည်ဆောက်ပြီး ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှုကို  ချိတ်ဆက်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကြီးမားသောအရေးပါသည့် စျေးကွက် ကြီးဖြစ်သည့်အတွက်GACC စနစ်တွင် အလားအလာရှိသော မြန်မာနိုင်ငံထွက် ထုတ်ကုန်ပစ္စည်းများ မှတ်ပုံတင်ရေးလုပ်ငန်းစဉ် များ လွယ်ကူမြန်ဆန်စေရန် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ လယ်ယာကဏ္ဍ သွင်းအားစုများဖြစ်သည့် မျိုးကောင်းမျိုး သန့်၊နည်းပညာ၊မြေသြဇာစသည်များကို အဆင်ပြေသက်သာစွာဖြင့် ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ညှိနှိုင်းပေးရန်နှင့်  မြန်မာနိုင်ငံမှ မွေးမြူရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များကိုလည်း ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များအဖြစ် တင်ပို့ရောင်းချနိုင်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အစိုးရနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ပံ့ပိုးဆောင် ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(ရန်ကုန်)မှ စီးပွားရေးသံမှူး Mr.Tan Shufu က ယင်းဆွေးနွေးပွဲကျင်းပခြင်းဖြင့် ယူနန်နှင့် မြန်မာအကြား နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်နှင့် အခြေခံအဆောက်အအုံလုပ်ငန်းများသည် အလားအလာရှိသောလုပ်ငန်း များဖြစ်ကြောင်း၊ နှစ်ဖက်အဆက်အသွယ်များရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ကို ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင်များက အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် လယ်ယာလုပ်ငန်းများ၊ အိုင်တီနှင့်ဆက်စပ် လုပ်ငန်းများ၊ဘဏ်လုပ်ငန်းနှင့်အာမခံလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေး သိုလှောင်ရုံစီမံကိန်းများ၊ သတင်းအချက်အလက်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ လျှပ်စစ်၊ အခြေခံအဆောက်အုံ၊ ငွေပေးချေမှုနည်းပညာများ၊  စီမံကိန်းများအသီးသီးကို ရှင်းလင်းတင်ပြခဲ့ကြသည်။

Most Read

Most Recent