၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယအများဆုံးတင်ပို့

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယအများဆုံးတင်ပို့
ရန်ကုန်မြို့ရှိ ဝါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချ ပြုလုပ်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဝါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချ ပြုလုပ်နေသည်ကို တွေ့ရစဉ်
Published 11 February 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ (ယာယီ) စာရင်းများအရ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယအ များဆုံး တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ (ယာယီ)စာရင်းများအရ မြန်မာ့ဆန်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ဒုတိယနှင့် တတိယ အ များဆုံး တင်ပို့ထားပြီး အီတလီ၊ စပိန်၊ ခရို အေးရှား၊ ဂရိ၊ ဂျာမနီ၊နယ်သာလန်နှင့် ပြင်သစ်အပါအဝင် ဥရောပအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဆန်တင်ပို့မှုတွင် တရုတ်၊ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် တိုဂို စသည့်နိုင်ငံများသို့ ပျမ်းမျှ ဆန်တန်ချိန် နှစ်သောင်းကျော်ပိုမို တင်ပို့ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် သုံးသောင်းကျော်၊ COTE D’IV OIRE နိုင်ငံမှ တန်ချိန် တစ်သိန်းကျော်နှင့် ကင်မရွန်းနိုင်ငံမှ တန်ချိန်ငါးသောင်းကျော် သိသိသာသာ တင်ပို့မှုလျော့နည်းခဲ့ကြောင်း တွေ့ရှိရ သည်။

လက်ရှိ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ (ယာယီ)စာရင်းများအရ ယခင်နှစ်က တင်ပို့မှု မရှိခဲ့သည့် အင်ဒိုနီးရှား၊ တူရကီ၊ဂရိ၊ ယူကေ၊ မာဒါ ဂါစကာ၊ လက်ဘနွန်၊ ဆလိုဗက်ကီးယား၊ ပွာတိုရီကိုနှင့် အက်စ်တိုးနီးယား စသည့်နိုင် ငံများသို့ ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှုရှိခဲ့ကြောင်း တွေ့ရှိရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရ သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့  ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလ တူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်  ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent