ရှမ်းပြည်နယ်တွင် ပေတစ်ထောင်ခန့်အနက်ရှိ ချောက်ထဲသို့ မော်တော်ယာဉ်တစ်စီး ပြုတ်ကျရာ ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦးအနက် ငါးဦးသေဆုံး

ရှမ်းပြည်နယ်တွင် ပေတစ်ထောင်ခန့်အနက်ရှိ ချောက်ထဲသို့ မော်တော်ယာဉ်တစ်စီး ပြုတ်ကျရာ ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦးအနက် ငါးဦးသေဆုံး
Photo:MFSD
Photo:MFSD
Published 10 February 2023

ရှမ်းပြည်နယ်တွင် ပေတစ်ထောင်ခန့်အနက်ရှိ ချောက်ထဲသို့ အိမ်စီးမော်တော်ယာဉ်ပြုတ်ကျရာ ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦးအနက် ငါးဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၁၀ နာရီခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံ-မိုင်းခွန်-မိုင်းဆတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃)အကြား၊ ပန်လီကျေးရွာအနီးတွင် REVO အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲပေ (၁၀၀၀) ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်ပေါ်တွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးခုနစ်ဦး ပါဝင်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၂ ဦးအနက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေလူမှုကူညီမှုအသင်းမှ ယာဉ်များဖြင့် ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Most Read

Most Recent