ဂရိနှင့် အီဂျစ်ကို ဘောလုံးကွင်းများ ဆောက်ပေးမည်ဟု ဆော်ဒီ ကမ်းလှမ်း

ဂရိနှင့် အီဂျစ်ကို ဘောလုံးကွင်းများ ဆောက်ပေးမည်ဟု ဆော်ဒီ ကမ်းလှမ်း
Photo: Marca
Photo: Marca
Published 9 February 2023

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျနှင့်အတူ ဝင်ရောက်ရွေးချယ်ခံမည်ဟု သတင်းများထွက်ပေါ်နေသည့် ဂရိနှင့် အီဂျစ်ကို ဘောလုံးကွင်းများဆောက်ပေးမည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ကမ်းလှမ်းခဲ့သည်။

ဆော်ဒီအာရေဗျသည် ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပခွင့်ရရှိလျှင် ကုန်ကျမည့်စရိတ်များကိုလည်း ကျခံပေးမည်ဖြစ်ပြီး ယင်းကမ်းလှမ်းမှုတွင် အပြန်အလှန်အားဖြင့် ပြိုင်ပွဲ ပွဲစဉ်ပေါင်း၏ လေးပုံသုံးပုံကို ဆော်ဒီတွင် ကျင်းပခွင့်ပေးရမည့်အချက် ပါရှိသည်။

ဆော်ဒီ၏ကမ်း လှမ်းမှုကို ဂရိနှင့် အီဂျစ်ဘက်မှ လက်ခံခြင်းရှိ၊ မရှိကို မသိရသေးသော်လည်း ပြီးခဲ့သည့်နှစ် နွေရာသီက မိုဟာမက်ဘင်ဆယ်လ်မန်နှင့် ဂရိဝန်ကြီးချုပ် မစ်ဆိုတာကစ်အကြား ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင် ဆွေးနွေးမှု များ ရှိခဲ့သည်။

ဆော်ဒီအာရေဗျ၊ ဂရိနှင့် အီဂျစ်သည် တိုက်ကြီးသုံးတိုက်မှ နိုင်ငံများဖြစ်ခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ဖီဖာကွန်ဂရက်တွင် မဲပေးမည့်သူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ယင်းနိုင်ငံများက ယုံကြည်လျက်ရှိသည်။ 

Most Read

Most Recent