ဂျာမန်ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ဂျာမန်ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 February 2023

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၉)

စတုဂတ် - ဝါဒါဘရီမင် (တနင်္ဂနွေည ၉း၀၀ နာရီ)

စတုဂတ်အသင်းက အိမ်ကွင်း(၄)ပွဲဆက်တိုက် ရှုံးပွဲမရှိ ခဲ့ဘူး။ ဝါဒါဘရီမင်ကလည်း နိုင်ပွဲပြန်ရထားလို့ ယုံကြည်မှုပြန်ရှိ လာနိုင်တယ်။ ဝါဒါဘရီမင် အမှတ်ရလိမ့်မယ်။

ဝုလ်ဖ်ဘတ် - ဘိုင်ယန်မြူးနစ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဘိုင်ယန်အသင်း ဘွန်ဒစ်လီဂါပြန်စတင်ချိန် (၃)ပွဲဆက် သရေကျပြီး (၆)မှတ်အထိလျော့ခဲ့ကာ ပြိုင်ဘက်အသင်းတွေရဲ့ ဖိအားပေးမှုကိုပါ ပြန်ခံလာရတယ်။ ဒီပွဲသာ အမှတ်ထပ်လျော့ ရင် ဇယားထိပ်ဆုံးက ဖယ်ပေးရနိုင်တဲ့ အနေအထားလည်း ရှိ နေတယ်။ ဝုလ်ဖ်ဘတ်ကလည်း အမြင့်ဆုံးအဆင့်အထိရောက် ပြီးမှ နောက်ဆုံးပွဲမှာ ရှုံးပွဲပြန်တွေ့ထားတယ်။ ဘိုင်ယန် အမှတ် ပြည့်ယူလိမ့်မယ်။

ပြင်သစ်လီဂူးပွဲစဉ် (၂၂)

ကလယ်မွန့် - မိုနာကို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

နှစ်သင်းစလုံးခြေစွမ်းရော ရလဒ်ပါတည်ငြိမ်နေတယ်။ က လယ်မွန့်က အိမ်ကွင်းအားသာချက်ရှိပေမယ့် မိုနာကိုကလည်း ကွင်းမရွေးအမှတ်ယူတတ်တဲ့အသင်းပါ။ သရေပဲမှန်းထားမယ်။

အော်ဇေး - Reims (တနင်္ဂနွေည ၈း၃၀ နာရီ)

ရှုံးပွဲတွေဆက်နေပြီး တန်းဆင်းဇုန်ထဲ တည်ငြိမ်နေတဲ့ အော် ဇေးတို့ အိမ်ကွင်းအားတစ်ခုနဲ့ Reims ကို အသာရဖို့ခက်ပါလိမ့်မယ်။ Reims က ခြေမှန်တဲ့အသင်းပါ။ Reims ပဲကပ်နိုင်ဖို့ရှိတယ်။

လော်ရီယန့် - အန်ဂါစ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ဇယားအောက်ဆုံးကအန်ဂါစ်အတွက် မျှော်လင့်ချက်မဲ့ဦး မယ့်ပွဲစဉ်ပါပဲ။ လော်ရီယန့်က ဥရောပဝင်ခွင့်အတွက်ကြိုးစားနေ တဲ့အသင်းပါ။ အိမ်ကွင်းလည်းဖြစ်လို့ လော်ရီယန့်နိုင်ပွဲယူမယ်။

စထရာဘိုး - မောင့်ပယ်လီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)

တန်းဆင်းဇုန်နဲ့ဝေးရာကိုရုန်းထွက်နေတဲ့ စထရာဘိုးရဲ့ အိမ်ကွင်းအားကို မောင့်ပယ်လီယာတို့ ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရမယ်။ သရေဆိုတာ မျှတတဲ့ရလဒ်ပါပဲ။

အာယက်စီယို - နန့်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)

အာယက်စီယိုက ရှုံးပွဲတွေဆက်နေချိန်မှာ နန့်စ်ကရလဒ် တွေဆက်တိုက်ကောင်းနေတယ်။ နန့်စ်ကိုပဲရွေးထားမယ်။

ဘရက်စ် - လန်းစ် (တနင်္ဂနွေည ၁၀း၃၅ နာရီ)

အမှတ်ပေးဇယားဒုတိယနေရာက လန်းစ်ရဲ့ ခြေစွမ်းတည် ငြိမ်မှုကို အိမ်ကွင်းအားတစ်ခုနဲ့ ဘရက်စ်တို့တောင့်ခံနိုင်မလား စောင့်ကြည့်ရမယ်။ လက်ရှိဘရက်စ်ရဲ့ခြေစွမ်းမဆိုးပေမယ့် ချန်  ပီယံမျှော်လင့်ချက်အတွက် လန်းစ်ပဲနိုင်ပွဲယူပါလိမ့်မယ်။

မာဆေးလ် - နိုက်စ် (တနင်္လာနံနက် ၂း၁၅ နာရီ)

မာဆေးလ်က ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ခပ် သွက်သွက်သွားနေပြီး ခြေစွမ်းလည်းပြန်ငြိမ်နေတယ်။ ဒါ့ပြင်ချန် ပီယံမျှော်လင့်ချက်လည်းရှိနေလို့ အိမ်ကွင်းမှာနိုင်ပွဲယူထားဖို့ပဲ ကြိုးစားမှာပါ။ မာဆေးလ်ကိုပဲရွေးထားမယ်။

Most Read

Most Recent