ဖျာပုံမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးပုလင်းဖြင့် ပစ်ပေါက်ခံရပြီး မီးလောင်မှုဖြစ်ပွား

ဖျာပုံမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးပုလင်းဖြင့် ပစ်ပေါက်ခံရပြီး မီးလောင်မှုဖြစ်ပွား
Published 30 January 2023

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီ ၂၈ ရက်က မီးပုလင်းဖြင့် ပစ်ပေါက်ခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၈ ရက် ည ၆ နာရီခွဲတွင် ဖျာပုံမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့်(၈)လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ လူတစ်ဦးက မီးပုလင်းတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် ရုံးအတွင်း သို့ကျရောက်လောင်ကျွမ်းခဲ့ပြီး လုံခြုံရးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၀ိုင်းဝန်းမီးငြိှမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ရုံးရှိ ပလတ်စတစ်ထိုင်ခုံအဟောင်း နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ကျူးလွန်ခဲ့သူအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent