မကြာခဏ ပြတ်နေသည့် လျှပ်စစ်မီးနှင့် YBS

မကြာခဏ ပြတ်နေသည့် လျှပ်စစ်မီးနှင့် YBS
Published 29 January 2023
ဇော်မင်းနိုင်

        “ ဂက်စ်ရဖို့ တန်းစီရတာ ဘယ် လိုမှ အဆင်မပြေတော့ဘူး”

        “ ကားမောင်းရတာက မပင်ပန်း ဘူး။ ဂက်စ်ရဖို့ တန်းစီရတာက ပင် ပန်းတယ်”

        “ကားမောင်းပြီးတာနဲ့ မနားရ ဘူး။ မနက်ဖြန် ဂက်စ်ရဖို့ တန်းစီရ တယ်”

အထက်ပါ စကားသံများမှာ  ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေ သည့် YBS ယာဉ်မောင်းအများစု၏ စကားသံများ ဖြစ်သည်။

စီးပွားရေးမြို့တော်တစ်ခုဖြစ် သည့် ရန်ကုန်တိုင်းတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ လျှပ်စစ်မီး ပြတ်တောက်မှုက ပိုမိုဆိုးရွားလာခဲ့ သည်။

“ဒီလပိုင်းထဲမှာ မီးပြတ်တာက ပိုဆိုးလာတယ်။ မနှစ်ကထက်ပေါ့။ ဘယ်အချိန်လာမလဲဆိုတာလည်း မသိရဘူး။။ ဘယ်အချိန်ပြတ်မလဲဆို တာလည်း မသိရဘူး” ဟု ရန်ကုန် တိုင်းဒေသကြီးအတွင်း နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် အများပြည်သူ အုပ်စု A နှင့် B ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလှည့်ကျ ဝန် အားလျှော့၍ လျှပ်စစ်မီးပေးမည်ဖြစ်

ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း (YESC) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ် ပြန်ခဲ့သည်။

ညနေ ၄ နာရီမှ နောက်တစ်နေ့ နံနက် ၉ နာရီအထိ ဓာတ်အားအပြည့် ပေးထားမည်ဖြစ်ပြီး စက်မှုဇုန်များကို မူ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သာ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဦးစားပေးအဆင့် အုပ်စု A တွင် မြို့နယ် ၁၆ မြို့နယ်ကို ကြေညာထား ပြီး ရန်ကင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်း ချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်းမြို့နယ်တို့ ပါဝင်သည်။

လက်ရှိအချိန်အထိလည်း ရန် ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ် ဝန်းလုံးတွင် လျှပ်စစ်မီးကို အလှည့် ကျဖြင့်သာ ပေးဝေနိုင်သည်။ နယ်မြို့ များတွင်မူ လျှပ်စစ်မီးရရှိမှုမှာ တစ် နေ့လျှင် ခြောက်နာရီခန့်သာ ရှိ သည်။ 

■ ဘာကြောင့် မီးပျက်သလဲ

လျှပ်စစ်မီးပြတ်တောက်မှုမှာ အကြောင်းအရာနှစ်ခုကြောင့် ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း (YESC) က ၂၀၂၂  ခုနှစ် နိုဝင်ဘာလဆန်းပိုင်း တွင် ထုတ်ပြန်သည်။

ဇောတိက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့်ခြင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း-တီကျစ်ဓာတ်အား လိုင်း တာဝါတိုင်နှစ်ခု ကျိုးပဲ့ပျက်စီး ခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသ ကြီးရှိ နေရာအချို့တွင် ဓာတ်အား ပြတ်တောက်နေကြောင်း YESC က ဆိုသည်။

ဒုတိယအချက်အနေဖြင့်  ရတနာကမ်းလွန်သဘာဝဓာတ ်ငွေ့လိုင်း အရေးပေါ်ပြုပြင်နေရသောကြောင့် ရန်ကုန်တိုင်းအတွင်း သဘာဝဓာတ် ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံများ သို့ ပို့လွှတ်မှု လျော့နည်းနေသည့်  အတွက် နေရာအချို့တွင် လျှပ်စစ်မီး ပြတ်တောက်နေခြင်းဖြစ်ကြောင်း YESC က ထုတ်ပြန်သည်။

ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း- တီကျစ်ဓာတ်အား လိုင်း တာဝါတိုင် ကျိုးပဲ့ခြင်းကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစုပေါင်း ၂၈၀ MW ခန့် လျော့နည်းခဲ့ကြောင်း၊ ရတနာကမ်း လွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း အလုံသဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်အမှတ် (၁၊ ၂) မှ ၄၅ MW ၊ Toyothai ဓာတ်အား ပေးစက်မှ ၁၁၅ MW၊ သာကေတ ဓာတ်အားပေးစက်မှ ၁၇ MW၊ UPP (ရွာမ) ဓာတ်အားပေးစက်မှ ၄၅MW၊ Max Power (သာကေတ) ဓာတ်အား ပေးစက်မှ ၄၅ MW၊ လှော်ကားဓာတ် အားပေးစက်မှ ၆၀ MW၊ ့ Energy ဓာတ်အားပေးစက်မှ ၁၀၆ MW၊ စုစု ပေါင်း ၄၃၃ MW ခန့် ဓာတ်အားစနစ် အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့ လွှတ်မှု လျော့နည်းခဲ့ကြောင်း၊ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများအတွက် အချို့နေရာများတွင် ဝန်အားလျှော့ချရခြင်းများ ရှိကြောင်း YESC က ထုတ်ပြန်သည်။

ရတနာကမ်းလွန်သဘာဝဓာတ် ငေ ွ့ပိုက်လိုင်းသည် ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေး စက်ရုံများသို့ ပို့လွှတ်နေခြင်းဖြစ်ပြီး ယင်းပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဓာတ်အားစနစ်အ တွင်းသို့ ဓာတ်အားထုတ်လုပ်ပို့ လွှတ် နိုင်မှု ၄၃၃ MW ခန့် လျော့နည်းခဲ့ ကြောင်း YESC က ထုတ်ပြန်သည်။

ဓာတ်အားစနစ် တည်ငြိမ်မှုရှိ စေရန်အတွက် အရေးပေါ်ဝန်အား လျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်သဖြင ့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တွင် ယာယီဓာတ်အား ပြတ်တော က်မှုများရှိမည်ဖြစ်သော် လည်း အရေးကြီးနေရာများ ပြတ် တောက် မှုမရှိစေရေးကို အလေးထားဆောင်ရွက်နေကြောင်း YESC က ဆိုသည်။

 အလှည့်ကျ မီးပေးမယ်

လာမည့်နွေရာသီတွင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီ အောင် ဆောင်ရွက်ပေးနိုင်မည်မ ဟုတ်ဘဲ အချိန်ပိုင်းပေးဝေမည့် အစီ အစဉ်များ ချမှတ်ရမည်ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်က ပြောကြား သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက် က ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းရုံးတွင် ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးတွင် ၎င်းင်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက လာမည့်နွေရာသီကာလတွင် ပြည်သူလူ ထု၏ တစ်နေ့တာ ဓာတ်အားလိုအပ် ချက်ကို ပြည့်မီအောင် ဆောင်ရွက် မပေးနိုင်သော်လည်း ရရှိသည့် လျှပ် စစ်ဓာတ်အားကို လူတိုင်းအချိန်ပိုင်း အလိုက် မျှဝေခံစားနိုင်အောင် ဓာတ် အား ဖြန့်ဖြူးပေးသွားမည့် အစီအမံ များ ချမှတ်ဆောင်ရွက်သွားရန် လို အပ်ကြောင်း၊ ထိုသို့ အချိန်ပိုင်းအ လိုက် ဓာတ်အားသုံးစွဲမှု ပေးဝေနိုင် သော အချိန်များတွင်လည်း ရရှိ သည့် အချိန်အတိုင်း အပြည့်အဝရရှိ စေရန် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အား ခွဲရုံများ၏ အခန်းကဏ္ဍသည် အရေး ကြီးသဖြင့် ကြိုတင်၍ ထိန်းသိမ်းပြု ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။

 လျှပ်စစ်မီးကို အားကိုးနေရတဲ့ CNG ဆိုင်တွေ

မော်တော်ယာဉ်များတွင် ထည့် သွင်းမောင်းနှင်ရသည့် CNG ဆိုင် များမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်းတို့တွင် တည်ရှိသည်။

အဆိုပါ တိုင်းသုံးတိုင်းတွင် CNG အရောင်းဆိုင်ပေါင်း ၄၆ ဆိုင် ရှိပြီး CNG ယာဉ်စီးရေ ၂၈၃၀၁ စီး အတွက် နေ့စဉ်သဘာဝဓာတ်ငွေ့ ၁၉ သန်းကျော် ရောင်းချပေးနေရ ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ CNG ဆိုင်များတွင် အချို့ဆိုင်များမှာ မီး စက်ဖြင့်မောင်းနှင်ကာ CNG ဖြည့် တင်းနိုင်သော်လည်း အများစုမှာ လျှပ်စစ်မီးရရှိမှသာ ဂက်စ်ဖြည့်တင်း နိုင်သည့်ဆိုင်များ ဖြစ်သည်။

“ရန်ကုန်မှာက မီးစက်မောင်း ပြီး ဖြည့်ပေးလို့ရတဲ့ ဆိုင်က လက်ချိုး ရေတွက်လို့ရတယ်။ အများစုက တော့ မီးလာမှ ဖြည့်ပေးလို့ရတာတွေ” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြော ကြားသည်။

YBS တစ်စီးအတွက် တစ်နေ့ လျှင် မော်တော်ယာဉ်ဂိတ်က သတ် မှတ်ချက်အရ လိုင်းပြေးဆွဲရသည့် အကြိမ်ရေမှာ လေးကြောင်းဖြစ်သည်။ သို့သော် ဂက်စ် မလောက်ငှမှုကြောင့် ယာဉ်အများစုမှာ အခေါက်ရေအပြည့် ပြေးဆွဲနိုင်ခြင်းမရှိဘဲ နှစ်ခေါက်၊ သုံးခေါက်သာ ပြေးဆွဲရသည် ဟု YBS ယာဉ်ပေါင်း ၁၀၀ ကျော် ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

“အခု ကားတစ်စီးကအများဆုံး သုံးကြောင်းလောက်ပဲ ရတယ်။ တစ်ခေါက်စာ နစ်နာတယ်။ ဝင်ငွေလျော့တာပေါ့။ အုံနာအတွက်လည်း အဆင်မပြေသလို ယာဉ်မောင်းအတွက် လည်း မကျန်ဘူး။ ကျွန်တော်တို့က တစ်နေ့စာ ပြေးလို့ရတဲ့ ပိုက်ဆံရဲ့ ၂၀ ရာခိုင်နှုန်းရတာ။ ဥပမာ ကား တစ်စီးက တစ်ရက်ကို တစ်သိန်းခွဲရ တယ်ဆိုရင် ကျွန်တော့်အတွက် စရိတ်ငြိမ်း တစ်ရက် နှစ်သောင်းခွဲ ပေါ့။ ကျန်တာက အုံနာရတယ်။ အုံ နာကလည်း ဂိတ်ဖွင့်ကြေးတွေ၊ ဘော် ဒါကြေးတွေ၊ ကားပြင်ဆင်စရိတ်နဲ့ဆို သူ့အတွက်ကလည်း သိပ်မကျန်ဘူး။ အခု လိုင်းအပြည့်မဆွဲရတော့ တစ် ခေါက်စာနစ်နာတော့ ပိုဆိုးတယ်” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြော ကြားသည်။

လက်ရှိတွင် YBS ယာဉ်မောင်း များမှာ ညအိပ်စောင့်ဆိုင်းပြီး CNG ဖြည့်တင်းရသည့် အခြေအနေများ တွင်ရှိနေပြီး အနားယူရသည့်အချိန် မှာ နည်းပါးသည်ဟု သိရသည်။

“ အရင်က ကားသိမ်းပြီး CNG ဖြည့်ဖို့တန်းစီရတာ အများဆုံး ၁ နာရီပေါ့။ အခုကတော့ လိုင်းဆွဲနေရင်း နဲ့ ဂက်စ်ပြတ်သွားလို့ တခြားယာဉ်ကို ပြောင်းပေးရတာတွေရှိတယ်။ သွား ဖြည့်ရင်လည်း အရင်လို ခဏလေးနဲ့ မရတော့ဘူး။ ဆိုင်မှာ မီးပြတ်နေပါတယ်ဆိုတဲ့ စာတန်းမချိတ်ထားပါစေနဲ့ ဆုတောင်းရတယ်။ နို့မိုဆို မီးအ လာကို ထိုင်စောင့်တော့ပဲ။ မီးလာ တယ်ဆိုရင်လည်း ချက်ချင်းရတာ မ ဟုတ်ဘူး။ Pressure တက်အောင် စောင့်ရသေးတယ်။ အခုကတော့ ညပါ အိပ်ပြီးစောင့်ရတယ်”ဟု သန်လျင် မှ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းတစ်ဦးက ပြော သည်။

ယင်းသို့  ညအိပ်စောင့်ဆိုင်းကာ CNG ဖြည့်တင်းနေစဉ် မော်တော် ယာဉ် ခိုးယူခံရသည့်ဖြစ်စဉ်များ လည်းရှိခဲ့သည်။ ပြီးခဲ့သည့်နှစ် သြ ဂုတ် ၂ ရက်က ဂက်စ်တန်းစီနေသည့် လူထုမိတ်ဆွေယာဉ်လိုင်းမှ YBS - ၉၄ ယာဉ် ခိုးယူခံခဲ့ရသည်။

သြဂုတ် ၂ ရက် နံနက် ၃ နာရီခွဲ က YBS -၉၄ ယာဉ်လိုင်းမှယာဉ် တစ်စီးသည် ရွှေပြည်သာကွေ့ CNG ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန်တန်း စီခဲ့ကြောင်း၊ ယာဉ်မောင်းမှ တန်းစီရ သည့်အခြေအနေကို သွားရောက် မေးမြန်းစဉ် အမည်မသိသူတစ်ဦးက ယာဉ်ကိုခိုးယူမောင်းနှင်ခဲ့ကြောင်း၊ ခိုးယူခံရသည့်ယာဉ်ကို လိုက်လံရှာ ဖွေရာ ဂျပန်လမ်းမှတ်တိုင်အနီး လမ်း ပြောင်းပြန်အနေအထားဖြင့် ဓာတ် တိုင်များဝင်တိုက်ကာ ရပ်တန့်နေ ကြောင်း၊ ထပ်မံသိရှိရသည့် အချက် အလက်အရ ဒညင်းကုန်းလမ်းဆုံ တွင်လည်း အခြားယာဉ်တစ်စီးကိုဝင် တိုက်ခဲ့ကြောင်း လူထုမိတ်ဆွေယာဉ် လိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခိုးယူခံရသည့်ယာဉ်ကို မောင်းနှင်ခဲ့သူက ယာဉ်တိုက်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ၁၂ နှစ်အ ရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ဖြစ် ပွားခဲ့သည်။

“ယာဉ်ကို ညအိပ်စောင့်ရတာ လည်းစိတ်ချရတာမဟုတ်ဘူး။ မနက် ကို CNG ရတာမရတာထက် ကိုယ့် ကား ဘာလုပ်ခံရမလဲဆိုတာကို စောင့်ကြည့်နေရတာ” ဟု ယာဉ် မောင်းတစ်ဦးက ပြောကြားသည်။

YBS ယာဉ်များမှာ ရန်ကုန်မြို့ တွင်နေထိုင်သူများအတွက် အားကိုး အားထားပြုနေရသည့် သယ်ယူပို့ ဆောင်ရေးယာဉ်များဖြစ်ပြီး လျှပ်စစ် မီးပြတ်တောက်မှုကြောင့် CNG ဖြည့်တင်းရာတွင် အခက်အခဲများရှိ နေပြီး ယာဉ်မပြေးဆွဲနိုင်ခြင်းကြောင့် ခရီးသွားများအတွက် အခက်အခဲ များ မကြာခဏ ဖြစ်ပွားခဲ့ရသည်။

ရန်ကုန်တိုင်းအတွင်းပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းပေါင်း ၁၂၇ လိုင်းရှိပြီး ယာဉ်စီးရေစုစုပေါင်း လေးထောင်ကျော်ရှိသည်။ အဆိုပါ ယာဉ်များအနက် ထက်ဝက်ကျော်မှာ CNG ဖြည့်တင်းမောင်းနှင်ရသည့် ယာဉ်များလည်းဖြစ်သည်။

နွေရာသီ မရောက်မီမှာပင် လျှပ်စစ်မီးပြတ်တောက်မှုများရှိလာသဖြင့် CNG ယာဉ်များအတွက် အ ခက်အခဲများ ကြုံတွေ့နေရပြီး ရေ ရှည်တွင် မည်သို့ကုစားရမလဲဆို သည်မှာ တာဝန်ရှိသူများဖြေဆိုရ မည့် အခြေအနေလည်းဖြစ်သည်။

YBS ယာဉ်များ လောက်ငှစွာ ပြေးဆွဲနိုင်ခြင်းမရှိပါက ခရီးသွားများ အတွက် အခက်အခဲများ ရင်ဆိုင်လာ ရမည်ဖြစ်သဖြင့် ဆက်လက်စောင့် ကြည့်ရမည့်အခြေအနေလည်းဖြစ် သည်ဟု ဆိုရမည်ဖြစ်သည်။

 

Most Read

Most Recent