အတိုးနှုန်းအပြိုင်အဆိုင်ပေးပြီး အပ်ငွေဆွဲဆောင်လာကြသည့် ပြည်တွင်းဘဏ်များ

အတိုးနှုန်းအပြိုင်အဆိုင်ပေးပြီး အပ်ငွေဆွဲဆောင်လာကြသည့် ပြည်တွင်းဘဏ်များ
Published 22 January 2023

ပြီးခဲ့သည့်နှစ်အတွင်း ဘဏ်များတွင် အပ်နှံထားသည့်ငွေများ ပြန်ထုတ်မရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ အကောင့် ထဲရှိ ငွေများ ပြန်ထုတ်ရန်အတွက်ပင် ငါးရာ ခိုင်နှုန်း၊ ခြောက်ရာခိုင်နှုန်း စသည်ဖြင့် ရာခိုင် နှုန်းတစ်ခုပေးကာ ကိုယ်ပိုင်ပိုက်ဆံများ ပြန် ထုတ်ခဲ့ရသည့် အခြေအနေများ ကြုံတွေ့ခဲ့ရ သည်။

ယင်းသို့အခြေအနေများ ဖြစ်ပေါ်ခဲ့ သဖြင့် ပြည်သူများ၏ဘဏ် အပေါ် ယုံကြည်မှု ကျဆင်းလာကာ ဘဏ်တွင် ငွေအပ်နှံမှု သိသိ သာသာ ကျဆင်းခဲ့သည်။         

သို့သော်လည်း နောက်ပိုင်းတွင် ဘဏ်၌ အပ်ငွေအသစ်သွင်းပြီး ငွေသား ချက်ချင်းပြန် ထုတ်၍ရသည့် Special Accoun ဘဏ်စာ ရင်းအသစ်များ ဖွင့်လှစ်လာခဲ့သည်။

“အရင်က ဘဏ်ကပိုက်ဆံ ထုတ်မရတဲ့အခြေအနေတွေ ဖြစ်ပြီးတဲ့နောက်မှာ ဘဏ်တွေက Special  တွေမှာ ငွေသားနဲ့အပ်ရင် ထုတ်ချင်တိုင်းထုတ်လို့ရ တယ်ဆိုပြီး Special Account တွေ ဖွင့်ပြီး ငွေတွေအပ်ဖို့ ပြောခဲ့ကြတယ်။ ငွေလွှဲငွေထုတ် လည်း လုပ်လို့ရတယ်။ Special Accountနဲ့ ဆိုရင်လေ။ လူတွေက Old Account ထဲက ငွေတွေ လွှဲချင်တိုင်းလွှဲ၊ ထုတ်ချင်တိုင်း ထုတ်ချင်ကြတာ။ လူတွေလက်ထဲမှာ ငွေသားရှား ပါးနေတဲ့အချိန်၊ ရာခိုင်နှုန်းပေးပြီး ငွေသား ထုတ်ခဲ့ရတဲ့အချိန်မှာ Special Account ဖွင့် ပြီး ပိုက်ဆံကို ငွေသားနဲ့ သွင်းထားရင် ထုတ် ချင်တဲ့အချိန် ပြန်ထုတ်လို့ရတဲ့စနစ် လုပ်ထား တာ”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ သည်။

Special Account ဘဏ်စာရင်းတွင်  Special Saving ၊ Special Call ၊ Special Current ဟူ၍ အကောင့်အမျိုးအစားများရှိ ပြီး ငွေပမာဏအကန့်အသတ်မရှိ ငွေသွင်း ငွေထုတ်ပြုလုပ်နိုင်သည့် ဘဏ်စာရင်းများ ဖြစ်သည်။

လတ်တလောတွင်မူ ဘဏ်အများစု၏ ATM စက်များတွင် တစ်ပတ်လျှင် ပျမ်းမျှ ကျပ်ငါးသိန်းဝန်းကျင် ထုတ်ယူနိုင်ပြီဖြစ် သည်။ ထို့ အတူ တရုတ်နှစ်သစ်ကူးကာလအ တွင်း အတိုးနှုန်း အပြိုင်အဆိုင်ပေးကာ အပ် ငွေများ ဆွဲဆောင်နေကြသည်။

ကမ္ဘောဇဘဏ်က ငွေသားထုတ်ယူရန် KBZ ATM တည်နေရာများကို ထုတ်ပြန် ထားပြီး ငွေသားတစ်ခါထုတ်ယူလျှင် အများ ဆုံးသုံးသိန်းကျပ်ဖြင့် တစ်ပတ်လျှင် ကျပ်ငါးသိန်းအထိ KBZ , MPU Debit, ATM ကတ် မှဖြစ်စေ၊ m Banking Cardless withdrawal နည်းလမ်း ဖြင့်ဖြစ်စေ ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘောဇဘဏ်၏ စာရင်းသေ အပ်ငွေ စာရင်းတွင် တိုးမြှင့်သတ်မှတ်လိုက်သည့် အတိုးနှုန်းများမှာ ရက် ၉၀ ပုံမှန်စာရင်းသေ အပ်ငွေ စာရင်းနှင့် ရက် ၉၀ ငွေစာရင်းအ ကောင့်- စာရင်းသေအပ်ငွေစာရင်းတို့အ တွက် တစ်နှစ်လျှင် ကိုး-ရာခိုင်နှုန်း၊ ရက် ၁၈၀ ပုံမှန်စာရင်းသေအပ် ငွေစာရင်း တစ်နှစ်လျှင် ၉ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်သည်။ အဆိုပါ အတိုးနှုန်းအသစ်များ ရယူခံစားနိုင်ရန် စာ ရင်းသေအပ်ငွေစာရင်းကို ၂၀၂၃ ခုနှစ် ဇန်န ၀ါရီ ၉ ရက်မှ မတ် ၃၁ ရက်အတွင်း စာရင်း ဖွင့်ရန် ထုတ်ပြန်ထားသည်။

AGD ဘဏ်ကလည်း ကြိုယူ Chinese New Year Promotion  အဖြစ် စာရင်းသေ အပ်ငွေ သုံးလအတွက် 9.5 % p.a ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှစပြီး ကြိုယူ Special promotion ငွေစုသက်တမ်း သုံးလ ကျပ်သိန်း ၅၀ နှင့်အထက် အပ်နှံငွေ၏ ယခင်အတိုးနှုန်း ၉ ဒသမ ၃၅ % p.a ကို ယခု ၉ ဒသမ ၅ % p.a သို့ တရုတ်နှစ်သစ်ကူး အထူးပရိုမိုးရှင်းအဖြစ်  ထုတ်ပြန်ထားသည်။

အတိုးကို အပ်နှံသည်နှင့်တစ် ပြိုင်နက် ငွေသားကြိုတင်ထုတ်ယူနိုင်မည်ဖြစ်ပြီး ငွေ သား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့မ ဟုတ်) ချက်လက်မှတ်တို့ဖြင့် အလွယ်တကူ အပ်နှံနိုင်ပြီး သတ်တမ်း ပြည့်ချိန်တွင် အပ်နှံ ထားသည့်အတိုင်း ငွေသား၊ interbank ငွေလွှဲ တို့ဖြင့် ပြန်လည်ရယူနိုင်ကြောင်း AGD က ထုတ်ပြန်ထားသည်။

Yoma ဘဏ်က super fixed deposit customer များအတွက် ဇန်နဝါရီ ၁၁ ရက်မှ ဖေဖော် ၀ါရီ ၁၀ ရက်အထိ ရက် ၉၀ ကာလ အတွက် ငွေသားသိန်း ၁၀,၀၀၀ နှင့် အထက် အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း ၉ ဒသမ ၃ %p.a ၊ ငွေသား သိန်း ၁၀၀၀၀ အောက်အပ်နှံပါက အတိုးနှုန်း ၉ ဒသမ ၁၅ %p.a  ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ရိုးမ ဘဏ်အကောင့် (စာရင်းဟောင်း)မှ တစ်ပတ် လျှင် ငွေသား ကျပ်သိန်း ၂၀ အထိ ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

CB ဘဏ်က Special Call Deposit အပ်နှံပါက အတိုးနှုန်း ခြောက်ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာ ခိုင်နှုန်းအထိ ရရှိနိုင်မည်ဖြစ်ပြီး Special Call Deposit အပ်နှံခြင်းအတွက် နေ့စဉ် စာရင်းပိတ်လက်ကျန်အပေါ်တွင် နေ့ စဉ်လက်ကျန်ငွေပမာဏအလိုက် အတိုးတွက် ချက်ပေးမည်ဖြစ်ကြောင်း၊ အတိုးရရှိငွေကို customer များ၏ Account သို့ သုံးလတစ် ကြိမ် ထည့်သွင်းပေးမည်ဟု ထုတ်ပြန်ထား သည်။

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)က MAB Better call ++ (ခေါ်ယူအပ်ငွေ စာရင်းသစ်)တွင် တစ်နှစ်လျှင် အတိုးနှုန်း ခုနစ် ရာခိုင်နှုန်းမှ စတင်ရရှိနိုင်မည်ဖြစ်ပြီး အပ်နှံငွေနှင့် အချိန်ကာလအပေါ် မူ တည်၍ အပိုဆောင်းခံစားခွင့် အတိုးနှုန်းများပါ ရရှိနိုင် မည်ဖြစ်ကြောင်း၊  အချိန်ကာလအကန့်အ သတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်မည့်အပြင် နေ့စဉ် အတိုးနှုန်းတွက်ချက်ပေးပြီး အပ်ငွေ စာရင်းတွင် လစဉ်ပုံမှန်ထည့်သွင်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။                   

UAB က တရုတ်နှစ်သစ်ကူး ကာလအ တွင်း အတိုးနှုန်း၉ ဒသမ ၅%p.a ရယူနိုင်ရန် ဇန်နဝါရီ ၁၁ ရက်မှ မတ် ၃၁ ရက်အတွင်း မည်သည့်UAB ဘဏ်ခွဲတွင်မဆို အပ်နှံငွေ များ အပ်နှံကြရန် ဖိတ်ခေါ်ထားသည်။

ဘဏ်အသီးသီးအလိုက် Special fixed Deposit အတိုးနှုန်းများ ထုတ်ပြန်ထား ပြီး ပြည်သူများအနေဖြင့် ဘဏ်တွင် Special fixed Deposit ထားရှိပြီး သက်တမ်းပြည့် ပါက Special Account အတွင်းသို့ တိုင်း ရင်းပေါင်းငွေများ ပြန်လည်ရောက်ရှိမည်ဖြစ် ပြီး Special Account အတွင်းမှ ငွေထုတ် ယူလိုပါက အကောင့်အတွင်း တစ်သောင်း ကျပ်ချန်၍ အကန့်အသတ်မရှိ ငွေထုတ်ယူနိုင် မည်ဟုလည်း အဆိုပါဘဏ်များက ထုတ်ပြန် ထားသည်။

“ဘဏ်တွေက ဘယ်လောက်ပဲ အပ်ကြ ပါ ပြောပြော၊  မအပ်ရဲဘူး။ အတိုးတွေပေးပြီး ဆွဲဆောင်နေတာလည်း တွေ့ပါတယ်။ ဒါပေ မဲ့ ကိုယ့်ပိုက်ဆံ လွယ်လွယ်ပြန်ထုတ်မရမှာ စိုးတာလေ။ အဲဒီတော့ ရှိတဲ့ပိုက်ဆံ ဘဏ်ထဲ မထည့်တော့ဘဲ တခြားနေရာမှာပေါ့၊ ဥပမာ ရွှေဝယ်ထားတာတို့၊ ခြံဝယ်ထားတာတို့ လုပ် ကြပါတယ်။ တချို့လည်း ဒေါ်လာကိုင်ထား တယ်”ဟု ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေ သူတစ်ဦးက ပြောကြားခဲ့သည်။

ATM စက်များမှ ပိုက်ဆံများ ထုတ်၍ ရလာခြင်း၊ စာရင်းဟောင်းများမှ ပိုက်ဆံကို တစ်ပတ်လျှင် သတ်မှတ်ပမာဏများဖြင့်ထုတ် ယူနိုင်သည့် အခြေအနေများရှိလာခဲ့သော် လည်း ဘဏ်များတွင် ငွေထပ်မံအပ်နှံခြင်း မပြုတော့ကြောင်းလည်း စတိုးဆိုင်ဖွင့်လှစ်နေ သူတစ်ဦးက ဆိုသည်။

“ဘဏ်တိုးတွေ စိတ်မဝင်စားတော့ဘူး။ ကိုယ့်အကောင့်ထဲက ပိုက်ဆံထုတ်ရဖို့အရေး မနက် ၄ နာရီ ဘဏ်ရှေ့သွားတန်းစီရတာ၊ ATM တွေမှာ တန်းစီခဲ့ရတာကို စိတ်နာသွား ပြီ။ အခုကတော့ ဘဏ် ကို ငွေလွှဲဖို့လောက်ပဲ သုံးတော့တယ်။ Special Account ထဲ ငွေလွှဲ ဝင်ရင်တောင် ဒီနေ့ဝင် နောက်နေ့ထုတ်ပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ် ဦး က ပြောကြားခဲ့သည်။

ဘဏ်များက ငွေသွင်းငွေထုတ် ထိန်း ချုပ်လိုက်သည့်အပေါ် ပြည်သူများက ဘဏ် အပေါ် ယုံကြည်မှုကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်မူ ပြည်သူများ၏ငွေများမှာ ဘဏ်တွင်အပ်နှံခြင်းထက် ရွှေဝယ်စုခြင်း၊ အိမ်ခြံမြေဝယ်ယူထားခြင်း စသည်ဖြင့် ရင်း နှီးမြှုပ်နှံလာကြောင်းလည်း သိရသည်။

“ကျွန်တော်တို့လို ကုမ္ပဏီဝန်ထမ်း လခ စားတွေအနေနဲ့ကတော့  ရတဲ့လစာကို အသုံး စရိတ်ဖယ်ပြီး ကျန်တဲ့ငွေကို ဘဏ်ကိုယုံကြည် စိတ်ချပြီး အပ်ရဲတယ်။ ဘဏ်စနစ်အပေါ် ယုံကြည်မှုရှိတယ်။ အပ်ရဲတယ်။ ဒါပေမဲ့  အခု ကာလမှာတော့ ဝင်ငွေတွေလျော့ကျသွားတဲ့ အတွက် အပိုသီးသန့်စုဆောင်းဖို့  ခက်နေလို့  မအပ်ရတဲ့အခြေအနေပါ။ ရပ်ကွက်တွေထဲ မှာ ငွေကြေးအတော်အတန်စုဆောင်းမိနေတဲ့ လူတွေကျပြန်တော့ ဘဏ်အပ်တဲ့ကိစ္စအပေါ် အခုကာလမှာ စိတ်မဝင်စားတာ တွေ့ရတယ်။ အဓိက ပြဿနာက  ဟိုးအရင်က ဘယ်လို ထုတ်ထုတ် သွင်းသွင်းရတယ်။ ပြီးခဲ့တဲ့ကာလ လေးမှာ ငွေသွင်းငွေထုတ် ထိန်းချုပ်လိုက်တဲ့ အပေါ်မှာ လူတွေရဲ့ ဘဏ်အပေါ်မှာ ယုံကြည်မှု ကျဆင်းသွားတယ်လို့ မြင်ပါတယ်။ပိုက်ဆံရှိတဲ့သူတွေ ဘဏ်ကို အပ်တယ်ဆိုတာက ဘဏ်တိုးကို မက်လို့မဟုတ်ဘူး။ သူတို့ ရဲ့ငွေက ဘဏ်မှာအပ်ထားရင် စိတ်ချရတယ်။ ထုတ်ချင်တဲ့ အချိန်မှာလည်း  လွယ်လွယ်ကူကူ ပြန်ထုတ်လို့ရတယ်ဆိုတဲ့အခြေအနေမှာ ဘဏ်ကို အပ်ကြတယ်လို့ မြင်ပါတယ်။ အခု လတ်တလောမှာလည်း ဘဏ်တွေက အတိုင်း အတာတစ်ခုအထိ ထုတ်လို့ရတဲ့အခြေအနေ၊ ထုတ်သွားတဲ့လူတွေ၊ လက်ရှိမှာ ငွေသားကိုင် ထားတဲ့လူတွေကလည်း အိမ်ခြံမြေနဲ့ ရွှေဘက်မှာပဲ မြှုပ်နှံထားပြီး အဲဒီစျေးကွက်ထဲမှာပဲ ငွေစက္ကူတွေကိုင်ပြီးတော့ လည်ပတ် လုပ်ကိုင်နေကြတယ်။ ချက်ချင်းပြီး ပမာဏများများ ပြန်အပ်လာဖို့ကတော့ တော်တော်လုပ်ရဦး မယ်ထင်ပါတယ်”ဟု မြောက်ဒဂုံမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ ကိုကျော်ကြီး က  ပြောကြားခဲ့သည်။

Most Read

Most Recent