စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သာရိုးကုန်းကျေးရွာမှ အမျိုးသားတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် သာရိုးကုန်းကျေးရွာမှ အမျိုးသားတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သတ်ဖြတ်ခံရ
Published 16 January 2023

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် သာရိုးကုန်းကျေးရွာမှ အမျိုးသားတစ်ဦး ဇန်နဝါရီ ၁၄ ရက်က လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သတ်ဖြတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတြ်ပန်သည်။

ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင် ဘုတလင်မြို့နယ် သာရိုးကုန်းကျေးရွာမှ ဦးအောင်ကျော်ထွန်း (၅၂ နှစ်)အား PDF များက ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သတင်းအရ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးအောင်ကျော်ထွန်းသည် ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီအချိန်တွင် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF ရှစ်ဦးက ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီ ၁၄ ရက်နံနက် ၈ နာရီတွင် ကျီးပင်ချောင်ကျေးရွာ ရွာဦးဇရပ်အနီး၌ ၎င်းအား လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီခွဲတွင် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကန့်ဘလူမြို့နယ်၊ ဂါးထာကျေးရွာနေ ဦးသောင်းငွေ(၅၃ နှစ်)တွင် ဝဲခြေဖမိုး မိုင်းစထိ မှန်ဒဏ်ရာတစ်ချက်နှင့် ၎င်း၏တူမဖြစ်သူ မသင်းသင်းလှိုင်(၃၇ နှစ်)တွင် ဝဲ/ယာလက် မောင်းနှင့် ဝဲဒူးတို့၌ မိုင်းစထိမှန်ဒဏ်ရာ ခုနစ်ချက်တို့ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းတို့နှစ်ဦးသည် နံနက် ၉ နာရီအချိန်တွင် ကျေးရွာ၏အရှေ့ဘက်ရှိ ယာခင်းသို့နွားလှည်းဖြင့်သွားစဉ် ယာခင်းအနီးအရောက် လှည်းလမ်းပေါ်၌ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးနှင့် နွားနှစ်ကောင်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကလေးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်မွှေး (၅၄ နှစ်)သည် ဇနီးဖြစ်သူ ဒေါ်သန်းရီ(၄၈ နှစ်)၊ တူဖြစ်သူ ကိုရှိုင်း (၃၅နှစ်)တို့နှင့်အတူ ၎င်း၏နေအိမ်အရှေ့ရှိ ခုံတန်းလျားပေါ်၌ ထိုင်နေစဉ် အဆိုပါခုံတန်းလျားအနီး ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့၍ ဒေါ်သန်းရီတွင် နဖူးပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ခဲ့ပြီး ကိုရှိုင်းတွင် ဝဲပေါင်တို့၌ မိုင်းစထိမှန်ဒဏ်ရာ အချို့ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent