မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှု ၁၆ လအတွင်း အမြန်ဆုံးလျော့ကျသွားပြီး အော်ဒါဝင်လာမှုများမှာလည်း တစ်ဟုန်ထိုးကျဆင်းသွားကြောင်း စစ်တမ်းတွင် ဖော်ပြ

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ၏ ထုတ်လုပ်မှု ၁၆ လအတွင်း အမြန်ဆုံးလျော့ကျသွားပြီး အော်ဒါဝင်လာမှုများမှာလည်း တစ်ဟုန်ထိုးကျဆင်းသွားကြောင်း စစ်တမ်းတွင် ဖော်ပြ
Published 3 January 2023




သို့သော် မကြာသေးမီက ဝယ်လိုအား ကျဆင်းလာခဲ့မှုကြောင့် စျေးနှုန်းများ၏ ဖိအားပေးမှုများသည် တတိယသုံးလပတ်မှစပြီး သိသိသာသာပြောင်းလဲလာခဲ့ကြောင်း၊ ထို့ပြင် အချို့သောကုမ္ပဏီများသည် ငွေကြေးလဲလှယ်မှုနှုန်း ပိုကောင်းလာခြင်းကို အကြောင်းပြပြီး အကျိုးအမြတ် ထုတ်ယူနိုင်ခဲ့ကြသောကြောင့် ကုန်ကျမှုစရိတ်စကများနှင့် စက်ရုုံများ၏ ရောင်းစျေးများမှာ အသင့်အတင့်မျှသာ မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာတွင် အစီရင်ခံကြသည်။

အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းမှာ နိုဝင်ဘာလ၏ ၄၄.၆မှ ဒီဇင်ဘာလတွင် ၄၂.၁ သို့ ကျဆင်းသွားခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍ၏ အခြေအနေမှာ ၂၈ လမြောက် ဆက်တိုက်ဆုတ်ယုတ်လာခဲ့ရာ ယခုနှစ်အစောပိုင်း ဧပြီလအတွင်း တိုးထုတ်လုပ်မှုကို ချေဖျက်လိုက်ကြောင်း၊ အော်ဒါအသစ်များ နည်းလာခြင်း၊ ကုန်ကြမ်းပစ္စည်းများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများ၏ ရလဒ်အဖြစ် စက်မှုထုတ်လုပ်မှုကျဆင်းလာမှုမှာ ပိုမြန်လာခဲ့ကြောင်း၊ ရာသီအလိုက် ချိန်ဆပေးထားသည့် သက်ဆိုင်ရာအညွှန်းကိန်းမှာ ကျဆင်းမှုနယ်ပယ်တွင် ရှိနေသေးလျက် ၁၆ လအတွင်းမှာ အနိမ့်ဆုံးဖြစ်လာကြောင်း၊ ထို့ပြင်စျေးဝယ်များအကြားရှိ ဘဏ္ဍာရေးဆိုင်ရာ စိုးရိမ်မှုများက ဝယ်လိုအားအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုရှိခဲ့သည့်အတွက် စက်ရုံအော်ဒါများရရှိမှု ပိုနည်းလာခဲ့ကြောင်း သိရသည်။

“နောက်ဆုံး PMI ဒေတာက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းမှာ ထပ်ပြီးကျဆင်းလာမှုကို ဖော်ပြနေပါတယ်။ ဝယ်လိုအားနဲ့ ကုန်ကြမ်းပစ္စည်းဆိုင်ရာအားပျော့မှုများက စွမ်းဆောင်နိုင်စွမ်းအပေါ် ကြီးမားစွာ ဖိစီးနေကြတယ်။ လုပ်ကိုင်မှုအခြေအနေများက ၁၅ လအတွင်းမှာ အမြန်ဆုံးနှုန်းနဲ့ ဆုတ်ယုတ်လာခဲ့ကြပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Mryam က ဆိုသည်။

Most Read

Most Recent