လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၄၆၀ နီးပါးဖြစ်ပေါ်

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၄၆၀ နီးပါးဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 2 January 2023

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၄၆၀ နီးပါးဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏက ပို၍များနေခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှု နှစ်ခုလုံးဖြင့် ကုန်သွယ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ကိုးလနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၄ ဒသမ ၇၀၅ ဘီလျံအထိ ရရှိထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၂၁၂၂  ဒသမ ၇၄၆ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၂၅၈၂ ဒသမ ၆၉၅ သန်းအထိရှိခဲ့ကာ စုစုပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၂၄၇၀၅ ဒသမ ၄၄၁ သန်း (၂၄ ဒသမ ၇၀၅ ဘီလျံ) ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ ကာလအတွင်းစုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏဒေါ်လာ ၁၀၅၁၂ ဒသမ  ဒသမ ၁၈၃ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏဒေါ်လာ ၁၀၁၂ရဒသမ ၃၂၇ သန်းအထိရှိခဲ့ကာ စုစု ပေါင်းကုန်သွယ်မှုပမာဏဒေါ်လာ ၂၀၆၃၉ ဒသမ ၅၁၀ သန်း(၂၀ ဒသမ ၆၃၉ ဘီလျံ) ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်း ပြည်ပကုန်သွယ်မှုအခြေအနေကို ယခင်ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက       လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးအတွင်းက ပို့ကုန်တင်ပို့မှုအပိုင်းတွင် ဒေါ်လာ ၁၆၁၀ ဒသ မ ၅၆၃ သန်း ပိုမိုတင်ပို့ထားသည်။ သွင်းကုန်တင်ပို့မှုအပိုင်းတွင် ဒေါ်လာ ၂၄၅၅  ဒသမ ၃၆၈ သန်းပိုမိုတင်သွင်းထားသည်။  စုစုပေါင်းကုန်သွယ်မှုသည်လည်းဒေါ်လာ ၄၀၆၅ ဒသမ ၉၃၁ သန်းပိုမိုရရှိထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်သွယ်ရေး လိုငွေ/ပိုငွေဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေဒေါ်လာ ငါးဘီလျံကျော်ရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော်၊ ၂၀၁၈ ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေဒေါ်လာ တစ်ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ  ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိခဲ့ကြောင်း သိရသည်။