၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ THH က ဝင်ငွေကျပ် ၁ ဒသမ ၇ ဘီလျံ ရရှိခဲ့ပြီး ယခင်နှစ်ဝက်ထက် ဝင်ငွေ ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းဖော်ပြ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ THH က ဝင်ငွေကျပ် ၁ ဒသမ ၇ ဘီလျံ ရရှိခဲ့ပြီး ယခင်နှစ်ဝက်ထက် ဝင်ငွေ ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းဖော်ပြ
ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာအရောင်းအဝယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေမှုကို ယခင်နှစ်က တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာအရောင်းအဝယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေမှုကို ယခင်နှစ်က တွေ့ရစဉ်
Published 1 January 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်တွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ THH က ဝင်ငွေကျပ် ၁ ဒသမ ၇ ဘီလျံရ ရှိခဲ့ ပြီး ယခင်နှစ်ဝက်ထက် ဝင်ငွေ ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း TMH Telecom Public Company Limited ၏ ၂၀၂၂ ခုနှစ် စက် တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အပေါ် စီမံခန့်ခွဲရေးအဖွဲ့၏ ဆွေးနွေးချက်နှင့်လေ့လာသုံးသပ် ချက်ကို ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီ၏အရောင်းအသုံးစရိတ်သည် ယခင်ဘဏ္ဍာနှစ်ဝက်တွင် ကျပ် ၁ ဒသမ ၄ ဘီလျံရှိခဲ့ရာ ယခုနှစ်ဝက်တွင် ကျပ် ၀ ဒသမ ၉ ဘီလျံရှိခဲ့ပြီး ယခင်နှစ်ဝက်ထက် ၃၈ ရာ ခိုင်နှုန်း လျှော့ချသုံးစွဲနိုင်ခဲ့ကြောင်း၊ ကုမ္ပဏီ၏ အကြမ်းအမြတ်ရရှိမှုသည် ယခင်နှစ်ဝက် တွင် ကျပ် ၀ ဒသမ ၀၄ ဘီလျံရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်ဝက်တွင် ကျပ် ၀ ဒသမ ၈ ဘီလျံသို့ တိုးတက်လာခဲ့ကြောင်း၊ မိုဘိုင်းစီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရရှိလာသည့်ဝင်ငွေကြောင့် ကုမ္ပဏီ၏ အခြားဝင်ငွေသည် ကျပ် ၀ ဒသမ ၂ ဘီလျံသို့ တိုးလာခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်ဝက်တွင်အရှုံးကျပ်ငွေ ၀ ဒသမ ၆ ဘီလျံပေါ်ပေါက်ခဲ့သော်လည်း၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်တွင် အရှုံးကျပ်ငွေ ၀ ဒသမ ၁ ဘီလျံသာပေါ်ပေါက်ခဲ့ခြင်းကြောင့် အရှုံးကျပ်ငွေ ၀ ဒသမ ၅ ဘီလျံ သက်သာသွားသဖြင့် ၈၃ ရာခိုင်နှုန်း လျော့နည်းသွားကြောင်းဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို သတ်မှတ်ရာတွင် ကုမ္ပဏီမှာ First Myanmar Investment Co.,Ltd(FMI)တွင် ဝယ်ယူထားသော အစုရှယ်ယာများကို ယခုဘဏ္ဍာရေး နှစ်ဝက်စာရင်းပိတ်ချိန်ရှိ အစုရှယ်ယာစျေးကွက်တွင် ဖော်ပြထားသည့် စျေးနှုန်းနှင့်အညီ တန်ဖိုးပြန်လည်သတ်မှတ်ထားခြင်းဖြစ်သည်။

ယခင်ကာလတွင် ကြိုတင်ပေးချေထားသော အခွန်အခများည် ယခုနှစ်တွင် ပေးချေပြီးဖြစ်သည့်အတွက်ကြောင့် လက်ငင်းရ ပိုင်ခွင့်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်ဝက်တွင် ကျပ် ၁၂ ဒသမ ၉ ဘီလျံရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်ဝက်ရှိ ၁၃ ဒသမ ၁ ဘီလျံရှိခဲ့သဖြင့် နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ကုမ္ပဏီ၏အစုစပ်ကုမ္ပဏီတစ်ခုဖြစ်သော Myanmar GT Broadband Co.,Ltd မှ အရှုံးအမြတ်ကို အစုစပ်ခွဲဝေမှု အ ချိုးအစားအတိုင်း ထည့်သွင်းထားမှုကြောင့် လက်ငင်းမဟုတ်သော ရပိုင်ခွင့်သည် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်ဝက်တွင် ရာခိုင်နှုန်း ၂၀ ကျဆင်းခဲ့ကြောင်း သိရသည်။

THH ကုမ္ပဏီ၏အလားအလာအနေဖြင့် ကုမ္ပဏီသည် ယခင်ဘဏ္ဍာရေးကာလနှင့် နှိုင်းယှဉ်ပါက ဝင်ငွေသည် ၁၉ ရာခိုင်နှုန်း တိုးလာခြင်း၊ အရောင်းစရိတ် ၃၈ ရာခိုင်နှုန်း ကျဆင်းသွားခြင်းနှင့် အခြားသောဝင်ငွေဖော်ပြချက်တွင် ၁၂၂ ရာခိုင်နှုန်းတိုးလာခြင်း များ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးသည့်ဘဏ္ဍာနှစ်ဝက်တွင် အရှုံးကျပ် ၀ ဒသမ ၆ ဘီလျံရှိရာမှ ယခု ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ တွင် ကုန်ဆုံးသည့်ဘဏ္ဍာနှစ်ဝက်တွင် အရှုံးကျပ် ၀ ဒသမ ၁ ဘီလျံသာရှိသဖြင့် ဘဏ္ဍာနှစ်ဝက်နှစ်ခုကို နှိုင်းယှဉ်ပါက အရှုံးသည် ၈၃ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့နည်းလာခြင်းစသည့်အလားအ လားကောင်းမွန်သောအချက်များကို တွေ့မြင့်ရကြောင်း ကုမ္ပဏီ၏ စီမံခန့်ခွဲရေးအဖွဲ့မှ တင်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ပြင်းထန်စွာခံခဲ့ရသည့်အပြင် လက်ရှိမြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသောအခြေအနေ အရပ်ရပ်တို့ကြောင့် ကုမ္ပဏီ၏ စီမံကိန်းလုပ်ငန်းအချို့မှာ ဆောင်ရွက်ရန် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ရပြီး ကာလအတန်ကြာရပ်ဆိုင်းထားခဲ့ရကြောင်း၊ ထိုသို့သောအခြေအနေများကြားမှပင် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးအဖွဲ့သည် လုပ်ငန်းဆိုင်ရာမဟာဗျူဟာအသစ်များ ပြန်လည်ချမှတ်ခြင်းနှင့် စျေးကွက်အသစ်များကို ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent