မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၉၅၀ ခန့် တန်ဖိုးရှိ မလေးရှားထီဆုဆွတ်ခူး

မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး ကျပ်သိန်း ၉၅၀ ခန့် တန်ဖိုးရှိ မလေးရှားထီဆုဆွတ်ခူး
Published 21 December 2022

မလေးရှားရောက် မြန်မာလုပ်သားတစ်ဦး မလေးရှားထီ ရင်းဂစ် တစ်ရင်းဂစ် ကံစမ်းရာမှ ကျပ်သိန်း ၉၅၀ ခန့် တန်ဖိုးရှိ ထီဆုဆွတ်ခူးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံမှ သိရသည်။

မလေးရှားနိုင်ငံ မဲတူးမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူမျိုးမြန်မာလုပ်သားတစ်ဦးမှာ Lotto ခြောက်လုံးထီကို ကံထူးခဲ့သဖြင့် ဆုကြေးငွေ ထုတ်ယူရန် အကူအညီတောင်းခံမှုကြောင့် နှလုံးလှပရဟိတလူငယ်များ သွေးလှူ ရှင်အဖွဲ့က သွားရောက်ကူညီပေးခဲ့ရကြောင်း သိရသည်။

ဆုငွေရင်းဂစ် တစ်သိန်းခွဲကို အဆင်ပြေ စွာထုတ်ယူပေးခဲ့ပြီး ကံထူးသူမှ နှလုံးလှအဖွဲ့ အား ပရဟိတ လုပ်ဆောင်ရန် ရင်းဂစ် ၅၀၀၀ ကို လှူဒါန်းခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်း ထုတ်ပြန်သည်။

ထီဆုကြီးပေါက်ခဲ့သည့် မြန်မာလုပ်သား မှာ မလေးရှားတွင် လာရောက်အလုပ်လုပ် ကိုင်နေသည်မှာ လေးလခန့်သာရှိသေးပြီး အိမ်မက်ဂဏန်းကို ကံစမ်းရာမှ ဆုကြီး ဆွတ်ခူး သွားခြင်းဖြစ်သည်ဟု နှလုံးလ ှပရဟိတလူငယ် များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။

Most Read

Most Recent