၂၀၂၂ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဗဟို စာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။
ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း - Annual Rate of Inflation မှာ ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း - Year on Year Inflation မှာ ၁၉ ဒသမ ၅၅ ရာ ခိုင်နှုန်းဖြစ်သည်။
လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင် ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁၇ ရာခိုင်နှုန်း၊ မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင် နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင် ဘာတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တို ဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာ တွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါ ရီတွင် ၇ ဒသမ ၃ဝရာခိုင်နှုန်း၊ ဖေဖော်ဝါရီ တွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသ မ ၅၇ ရာခိုင်နှုန်း၊ဧပြီတွင် ၁၀ ဒသမ ၇၂ ရာ ခိုင်နှုန်း၊မေတွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၂ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဇူလိုင်လ တွင် ၁၄ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံး လပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း Annual Rate of Inflation မှာ ၁၅ ဒသမ ၀၅ ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year on Year Inflation မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာ နှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းနှင့် နှစ်အလိုက်ငွေကြေးဖောင်း ပွ မှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁ ဒသမ ၀၈ ရာခိုင် နှုန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ် အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက် အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်း နှင့် ဇူလိုင် ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ စတုတ္ထ သုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအ သုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်လက် များတွင် ဖော်ပြထားချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၇၇ ရာခိုင်နှုန်းရှိမည် ဟုခန့်မှန်းတွက်ချက်ထားသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ် ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ် ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက် ယူခဲ့ကြောင်း သိရသည်။















