၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသည် ဘောလုံးလောက၏ ထာဝရအကောင်းဆုံးပွဲများထဲမှ တစ်ပွဲဖြစ်သည်ဟု ကာရေဂါ ဆို

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသည် ဘောလုံးလောက၏ ထာဝရအကောင်းဆုံးပွဲများထဲမှ တစ်ပွဲဖြစ်သည်ဟု ကာရေဂါ ဆို
Photo: Jamie Carragher Twitter
Photo: Jamie Carragher Twitter
Published 19 December 2022

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်နောက်ခံလူဟောင်း ဂျေမီကာရေဂါက အာဂျင်တီးနားနှင့် ပြင်သစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသည် ဘောလုံးလောက၏ ထာဝရအကောင်းဆုံးပွဲများထဲမှ တစ်ပွဲဖြစ်သည်ဟု Twitter တွင် ရေးသားခဲ့သည်။

ထို့ပြင် အားကစားနည်းအားလုံးထဲတွင် ဘောလုံးက ဘာကြောင့် အကောင်းဆုံးဖြစ်နေသလဲဆိုသည်ကို ပြသခဲ့သည့်ပွဲ ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

''ဒီပွဲက ဂန္ထဝင်မြောက် အကောင်းဆုံးပွဲတွေထဲက တစ်ပွဲပါ။ အလှည့်အပြောင်းများစွာကို မြင်တွေ့ရပြီး မာတီနက်ဇ်ရဲ့ ကာကွယ်မှုကတော့ အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်''ဟု ရေးသားခဲ့သည်။

Most Read

Most Recent