ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမတစ်ဦး လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ဆုံးရှုံးခဲ့ရာ နစ်နာကြေး ဘတ် သုံးသိန်းသုံးသောင်း ကျော် ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ် သမားအဖွဲ့အစည်းတစ်ခုဖြစ်သည့် MRWN (Migrent Workers Right Network) မှ သိရသည်။
ထိုင်းနိုင်ငံ စမွန်စာခွန်ခရိုင် ကထုဘင် မြို့နယ်ရှိ သံထည်ပစ္စည်းစက်ရုံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမ တစ်ဦး မှာ ၂၀၂၂ ခုနှစ် မတ်လကုန်ပိုင်းတွင် လုပ်ငန်း ခွင်အတွင်း စက်ယန္တယားချို့ယွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီးခန္ဓာကိုယ် အစိတ်အ ပိုင်းအချို့ ပြတ်တောက်ခဲ့သည်ဟု MWRN က ဆိုသည်။
ယင်းသို့ ထိခိုက်ခဲ့သည့် သမမှာ MWRN ရုံးသို့ လာရောက်အကူအညီ တောင်းခံခဲ့ရာ MWRN က ကူညီဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ မြန်မာအလုပ်သမ၏ အချက်အ လက်များကို စစ်ဆေးရာ အလုပ်ရုံမှ စာရွက် စာတမ်းအပြည့်အစုံရှိသော်လည်း ပကမ်စံခုမ် လုပ်မထားကြောင်းတွေ့ရှိသဖြစ် ကထုဘန် ပကမ်စံခုမ် တာဝန်ရှိသူများအား ဆက်သွယ်ကာ တိုင်ချက်ဖွင့်ခဲ့သည်ဟု MWRN က ဆို သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပကမ်စံ ခုမ်တာဝန်ရှိသူမှ မြန်မာအလုပ်သမ လုပ်ကိုင် ခဲ့သည့် အလုပ်ရုံအား နောက်ကြောင်းပြန် ရန်ပုံငွေထည့်ခိုင်းပြီး နစ်နာသူအလုပ်သမ အား နစ်နာကြေးအဖြစ် ၃၃၉,၉၃၅ ဘတ် ပေးချေစေခဲ့ကြောင်း MWRN မှ သိရသည်။
ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် MWRN မှာ ထိုင်းနိုင်ငံရောက် မြန် မာရွှေ့ပြောင်းလုပ်သားများအရေးကူညီနေ သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း ထိုင်းနိုင်ငံ စမူစာခွန်ခရိုင် ကထုဘင်မြို့နယ် ဘန့်ထာန်စောင်ရပ်ကွက်ရှိ သံထည်ပစ္စည်း စက်ရုံ မှ သြဂုတ်လပိုင်းတွင် အလုပ်သမား ခြောက်ဦးအား အကြောင်းပြချက် တစုံတရာ မရှိပဲ အလုပ်ဖြုတ်သောကြောင့် MWRN မှ အချက်အလက်များ စနစ်တကျစစ်ဆေးကာ စမုစာခွန်ခရိုင် စဝါဒီကန် အလုပ်သမားကာ ကွယ်စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့် တိုင် ကြားခဲ့သည်။
စဝါဒီကန်မှ လုပ်ငန်းစဉ်အတိုင်း အချက် အလက်စစ်ဆေးပြီး အလုပ်ရှင်က အလုပ် သမားအား နစ်နာကြေးပေးချေရမည်ဟု အမိန့်ထုတ်ပြန်သောကြောင့် အလုပ်သမား များ နစ်နာကြေး တစ်ဦးလျှင် ဘတ်ကိုးသောင်း ကျော်စီ ရရှိခဲ့သည်။















