၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ သန်းကျော်ရရှိသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုရရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ သန်းကျော်ရရှိသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုရရှိ
Published 12 December 2022

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ သန်းကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် ဧပြီမှ ဇွန်လအတွင်း ဒေါ်လာ ၉၀၉ ဒသမ ၅ သန်းရရှိခဲ့သည်။  ယခင်နှစ်ကာလတူဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်ဖြစ်သည့် ဧပြီနှင့် ဇွန်လအတွင်း ဒေါ်လာ ၇၂၀ ဒသမ ၅ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်ပထမသုံးလပတ်မှာ ယခင်နှစ်တတိယသုံးလပတ်ထက် ဒေါ်လာ ၁၈၉ သန်းကျော်ပိုမိုရရှိခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှတဆင့် ပြည်ပသို့ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၁၉၁၈၄ ဒသမ ၂ တင်ပို့မှုမှ ဒေါ်လာသန်း ၃၅၀၀ ကျော်ရရှိသော်လည်း ယခင်နှစ်ကာလတူထက် ၁၁ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိကာလအတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုအနေဖြင့် ကုဗပေသန်း ၄၁၉၁၈၄ ဒသမ ၂ တင်ပို့မှုမှဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာတူက သဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၂၇၀၂၉ ဒသမ ၃ တင်ပို့မှုမှ ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း ရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကိုနှိုင်းယှဉ်ပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်မှ သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ကုဗပေသန်း ၇၈၄၅ ဒသမ ၁ လျော့ကျခဲ့သည်။ တန်ဖိုးဒေါ်လာ ၄၁၈ ဒသမ ၃၀ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၆၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ်မှ ၃၂၂၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၂၇၇၃ မဂ္ဂါဝပ်၊ ဆိုလာစွမ်းအင်မှမဂ္ဂါဝပ် ၄၀၊ LNG မှမဂ္ဂါဝပ် ၉၀၀ နှင့် ကျောက်မီးသွေးမှမဂ္ဂါဝပ် ၁၂၀ ဖြင့် စုစုပေါင်း ၇၀၅၈ မဂ္ဂါဝပ်ထုတ်လုပ်ထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရေအားမှ ၃၁၈၁ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့မှ ၁၇၅၂ မဂ္ဂါဝပ်၊ ကျောက်မီးသွေးမှ ၁၂၀ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း ၅၀၅၃ မဂ္ဂါဝပ် ထုတ်လုပ်ထားကြောင်း သိရသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent