မြဝတီနယ်စပ်စခန်းမှ ရှစ်လ​ ခန့်အတွင်း အ​မေရိကန်​ဒေါ်လာ ၁၄၅၆ ဒသမ ၆၄၆ သန်း ကုန်သွယ်နိုင်ခဲ့

မြဝတီနယ်စပ်စခန်းမှ ရှစ်လ​ ခန့်အတွင်း အ​မေရိကန်​ဒေါ်လာ ၁၄၅၆ ဒသမ ၆၄၆ သန်း ကုန်သွယ်နိုင်ခဲ့
ပုံစာ - မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ပုံစာ - မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
Published 4 December 2022

ထိုင်းနိုင်ငံနှင့်ထိစပ်နေသာ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ပြည်တွင်း စျေးကွက်သ်ို့  သွင်းကုန်အများဆုံးတင်သွင်းလျှက်ရှိသော  မြဝတီနယ်စပ်စခန်းမှ ယခု ဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ  ရှစ်လခန့်အတွင်း အမေရိကန်ဒေါ်လာ ၁၄၅၆ဒသမ ၆၄၆သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်နှစ်ကာလတူကထက် ၁၄၈ဒသမ၅၄၅ သန်းထိ လျော့ကျလာခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်ရောင်းဝယ်ရေး ဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်း ဒေသတွင်းမတည်ငြိမ်မှု များ နှင့် ကုန်သွယ် ရေး မူဝါဒ အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း  ထိုင်းနိုင်ငံသို့  ပို့ကုန်ပစ္စည်း မရှိသလောက် လျော့ကျခဲ့သည်ဟု ကုန်သည်များကပြောသည်။

နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက" ယခုသတ်မှတ်လိုက်တဲ့ကုန်သွယ်ရေးမူဝါဒကြောင့်  ကုန်သွယ်မှုအနေအထားက အတော့ကိုလျော့ကျလာတယ်။ခုကျင့်သုံးနေတဲ့စနစ်က တရားဝင်ကုန်သွယ်မှု လျော့ကျလာပြီး တရားမဝင်ကုန်သွယ်မှုတွေပိုမိုများပြားလာမယ်။

ယခင်မှောင်ခိုခေတ်မျိုးကိုတောင် ပြန်ရောက်သွားမလားပဲ။ အဆိုးဆုံးကတော့ ယခင်၂နှစ်လောက်က ပို့ကုန်သွားထားတဲ့ငွေတွေကိုပြန်သွင်းခိုင်းနေတာပဲ၊၊ဘယ်သွင်းနိုင်ကြတော့မလဲ။ကုန်သွယ်မှုအခက်အခဲ က အများကြီးပါ။ ပို့ကုန် ပစ္စည်း ကမသွားသလောက်ဖြစ်နေပါပြီ""ဟု ပြောသည်။

မြဝတီနယ်စပ်မှ တဆင့် ထိုင်းနိုင်ငံသို့  မြန်မာ့လယ်ယာထွက်ကုန် ပြောင်း၊ပဲ၊နှမ်း၊အာလူး၊မြေပဲ၊ငရုတ်နီင့် ရေသယံဇာတ ငါးပုဇွန် တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ် က အမေရိကန်ဒေါ်လာ ၆၉၈.၂၃၅ သန်းကုန်သွယ်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာ၅၀၈.၂၁၈ သန်း ဘိုးသာ တင်ပို့နိုင်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ၁၉ဝဒသမ ၀၁၅သန်း လျော့ကျခဲ့ကြောင်းသတင်းထုတ်ပြန်ချက်အရသိရသည်။

ထို့သော်လည်း ထိုင်းနိုင်ငံနှင့်ထိစပ်နေသော  နယ်စပ်စခန်းများအနက် ထီးခီး နယ်စပ်စခန်း၏ ပို့ကုန်တန်ဘိုးမှာ အများဆုံးဖြစ်လာကာ ဧပြီလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့ထိ အမေရိကန်ဒေါ်လာ ၁၆၆၄.၀၉ဝသန်း ဖိုးတင်ပို့ နိုင်ခဲ့သလို ပြည်တွင်းသို့သွင်းကုန်တန်ဘိုးမှာ ယခင်နှစ်ကထက် လျော့ကျကာ ၆ဒသမရ၂၃ သန်းဖိုးသာ တင်သွင်းခဲ့သော်လည် ကုန်သွယ်မှုပမာဏ အားဖြင့် ယခုဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ၁၆၇၀ .၈၁၃ သန်ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှင်ကာလတူကထက် အမေရိကန်ဒေါ်လာ ၅၈၉. ၅၁၃ သန်း ထိ ပ်ိုမိုကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

သို့သော်လည်း မြဝတီ၊တာချီလိတ်၊ ကော့သောင်း၊မြိတ်၊ထီးခီး၊မောတောင်၊မယ်စဲ့ စသည့် ထိုင်းနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်စခန်းများမှ ယခုဘဏ္ဍာနှစ် ၈ လခန့်တွင် အမေရိကန်ဒေါ်လာ ၃၄၅၂ဒသမ ၈၇၉ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူကထက် ဒေါ်လာ ၄၅၁.၃၄၂ သန်း ပိုမို ကုန်သွယ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent