၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တန်ချိန် ၁၁၀၀၀၀ ခန့် တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသောဆန်များအနက် ဆန်တန်ချိန် ၂၀၀၀ ကျော်ကို သင်္ဘောတင်ဆဲဖြစ်

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တန်ချိန် ၁၁၀၀၀၀ ခန့် တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသောဆန်များအနက် ဆန်တန်ချိန် ၂၀၀၀ ကျော်ကို သင်္ဘောတင်ဆဲဖြစ်
Published 2 December 2022

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တန်ချိန် ၁၁၀၀၀၀ ခန့် တင်ပို့ခဲ့ပြီး တင်ပို့ရန် ကျန်ရှိ သောဆန်များ အနက်ဆန်တန်ချိန် ၂၀၀၀ ကျော်အား သင်္ဘောတင်ဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆန်ကုန်သွယ်မှုဆိုင်ရာစာချုပ်အရ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တင်ပို့ရာတွင် တရုတ်ယွမ်ဖြင့် တင်ပို့ခွင့် ပြုထားပြီး FOB စျေးနှုန်း တစ်တန်လျှင် တရုတ်ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ်ဖြင့် တန်ချိန်နှစ်သိန်း တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား ဆန်ကုန်သွယ်မှုဆိုင်ရာ G to G MoU အစီအစဉ်အရ မြန်မာနိုင်ငံဆန်စ ပါးအသင်းချုပ်၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန်နှစ်သိန်းအား တရုတ်ယွမ်ဖြင့် တင်ပို့ခြင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းဆောင် ရွက်မည်ဖြစ်သည်။

ထိုသို့တင်ပို့ရာတွင် နှစ်နိုင်ငံတာဝန်ရှိသူများ၏ Contract စာချုပ်အရ  White Rice(ATAP)GPCT Broken STX) ဆန် အမျိုးအစားကို တင်ပို့မည်ဖြစ်ပြီး FOB စျေးနှုန်းမှာ တစ်ကီလိုလျှင် တရုတ်ယွမ် ၂ ဒသမ ၇၈၈၅၆ ယွမ်ဖြစ်ပြီး တစ်တန်လျှင် တရုတ်ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ်ဖြင့် တင်ပို့ရောင်းချမည်ဖြစ်သည်။

ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မည့်ကုမ္ပဏီ ၄၁ ခုသို့ ပို့ ကုန်လိုင်စင် ၄၂ စောင်၊ တန်ချိန် ၁၉၁၇၀၀ တန်ဖိုး တရုတ်ယွမ် ၅၃၄ ဒသမ ၅၅၅ သန်းအား ခွင့်ပြုထုတ်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်ကျန်ရှိသည့် ဆန်တန်ချိန်တစ်သိန်းခွဲကျော်ကို သတ်မှတ်ကာလအတွင်း တင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန်နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို  တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

အဆိုပါ MoU အရ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်-MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate တို့မှ ဧည့်မထ ၅%တန်းမြင့် ဆန်တန်ချိန်နှစ်သိန်းတင်ပို့ရန် သဘောတူစာချုပ် (Sales Contract) ကိုချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည် မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှနှစ်စဉ်ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ မြန် မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ စားနပ် ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များ ချုပ်ဆို၍ မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။

 

 

Most Read

Most Recent