မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ယခုလမှစ၍ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်၌ ခရီးစဉ်စတင်ပျံသန်းခြင်းအခမ်းအနား ပြုလုပ်မည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ယခုလမှစ၍ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်၌ ခရီးစဉ်စတင်ပျံသန်းခြင်းအခမ်းအနား ပြုလုပ်မည်
Published 2 December 2022

မြန်မာအမျိုးသားလေကြောင်းလိုင်းက ယခုလမှစတင်ကာ ရန်ကုန်-ချင်းမိုင်ခရီးစဉ်အား သောကြာနှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်တွင် ခရီးစဉ်စတင် ပျံသန်းခြင်းအခမ်းအနားပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းမည်ဖြစ်သည်။

ဒီဇင်ဘာလ ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် နှစ်ကြိမ် သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင်ပျံသန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်   ကြောင်းစာအား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချ ပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါရန်ကုန်-ဘန်ကောက်ခရီးစဉ်အား အသွားအပြန် round trip အား အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာဖြင့် ဝယ်ယူနိုင် မည်ဖြစ်ကြောင်းလည်း သိရသည်။

“မြန်မာနိုင်ငံသား ခရီးသည်တွေအသွားများတဲ့ ဘန်ကောက်ခရီးစဉ်ကို နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေနဲ့ ပျံသန်းပေးတာ ဖြစ်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

  မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီးစဉ်ရှိသော နေ့ရက်နှင့် အချိန်ကို www.flymna.com တွင် အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း အနေဖြင့် ရန်ကုန်-ကော့သောင်းခရီးစဉ် တစ်ကြောင်းစာအား မြန်မာကျပ် ၁၈၅၀၀၀၊ ရန်ကုန်-လားရှိုး ခရီးစဉ်တစ်ကြောင်းစာအား မြန်မာကျပ် ၁၈၀၀၀၀ ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ယခုနှစ်ဗုဒ္ဓဂါယာဘုရားဖူးရာသီအတွက် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်- ဂါယာ-ရန်ကုန်ခရီးစဉ်အား စတင်ပျံသန်းခဲ့သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ယခုနှစ်အတွက်ပထမဆုံး ရန်ကုန်-ဂါယာ-ရန်ကုန် ခရီးစဉ်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် စတင်ပျံသန်းခဲ့ခြင်းဖြစ်ပြီး ခရီးသည်ရရှိမှုအပေါ်မူတည်၍ အပတ်စဉ် ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်အား ပျံသန်း သွားမည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးစဉ်များနေ့စဉ်ပျံသန်းနေပြီး ဘန်ကောက် -ရန်ကုန်အသွားအပြန်ခရီးစဉ်အား ၁၃၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။  မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအနေဖြင့် Boarding Pass ပြသ၍ ထိုင်းနိုင်ငံရှိ King Power ဆိုင်များ တွင် ၁၅ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း နှင့် King Power တို့ပူးပေါင်း၍မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးသည်များအား ထိုင်းနိုင်ငံရှိ King Power ဆိုင်များတွင် MNA International Boarding Pass ပြသရုံဖြင့် သတ်မှတ်ထားသော ပစ္စည်းများအနက်မှ ပထမဆုံးဝယ်ယူမည့် တစ်ခုအတွက် ၁၅ ရာခိုင်နှုန်းလျှော့စျေးရရှိနိုင်ရန် စီစဉ်ထားပြီး Promotion ကာလကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးထားကြောင်း သိရသည်။

Most Read

Most Recent