ကိုဗစ်-၁၉ ရန်ပုံငွေမှ မွေးမြူရေးကဏ္ဍသို့ ကျပ် ၇ ဒသမ ၆ ဘီလျံ ထုတ်ချေးခဲ့မှုအနက် အတိုးပေးခြင်း၊ ချေးငွေရည်ရွယ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ရန်ပုံငွေမှ မွေးမြူရေးကဏ္ဍသို့ ကျပ် ၇ ဒသမ ၆ ဘီလျံ ထုတ်ချေးခဲ့မှုအနက် အတိုးပေးခြင်း၊ ချေးငွေရည်ရွယ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်
ကိုဗစ်-၁၉ ချေးငွေ ပဏာမစိစစ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ကိုဗစ်-၁၉ ချေးငွေ ပဏာမစိစစ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 1 December 2022

ကိုဗစ်-၁၉ ရန်ပုံငွေမှ မွေးမြူရေးကဏ္ဍသို့ ကျပ် ၇ ဒသမ ၆ ဘီလျံထုတ်ချေးခဲ့မှုအနက် အတိုးပေးခြင်း၊ ချေးငွေရည်ရွယ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကို ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ထုတ်ပေးထားသည့် ချေးငွေများပြန်လည် ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ် -၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်းတစ် ရာခိုင်နှုန်း) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ် နိုဝင် ဘာ ၁၆ ရက်မှစတင်၍ ချေးငွေများ ခွင့်ပြု ထုတ်ချေးပေးခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂  ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ကုမ္ပဏီ/ လုပ်ငန်းစုစုပေါင်း ၃၂၅ ခု၊ ချေးငွေပမာဏကျပ် ၇.၆ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှချေး ငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သဖြင့် အစောဆုံးထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် မကြာမီ ချေးငွေသက်တမ်းကာလပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရ မည့်ကာလစေ့ရောက်တော့မည်ဖြစ်သည်။

လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှုများထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ် ငန်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေချော မွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ် ရမည့်ကာလကို ချေးငွေ ပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေး မြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ ကုမ္ပဏီ /လုပ်ငန်း ၃၂၅ ခုအနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကိုချေးငွေကာလသက် တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍နောက်ထပ် တစ်နှစ်ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာအပ်ထားသည်။

အဆိုပါလုပ်ငန်းများမှာ (က) အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီးဖြစ်ရမည်၊(ခ) ချေးငွေအား ရည်ရွယ်ချက် အတိုင်းထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမည်တို့ဖြစ်သည်။

လုပ်ငန်းကော်မတီကခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် ‘ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင် ရွက်ခံရမည်ဖြစ်ပါကြောင်း’အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများ အနေဖြင့် ချေးငွေအရင်း၊ အတိုးပြန်လည်ပေး ဆပ်ရန်ပျက်ကွက်ပါက ချေးငွေသဘောတူ စာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက ထုတ်ပြန်ထားသည်။

Most Read

Most Recent