ကုန်ကြမ်းရှားပါးမှုနှင့် လျှပ်စစ်ပြတ်တောက်မှုများကြောင့် ကုန်ထုတ်လုပ်မှုလိုအပ်ချက် ဖြည့်ဆည်းရန် ကုမ္ပဏီများ ရုန်းကန်နေကြရကြောင်း စစ်တမ်းတွင်ဖော်ပြ

ကုန်ကြမ်းရှားပါးမှုနှင့် လျှပ်စစ်ပြတ်တောက်မှုများကြောင့် ကုန်ထုတ်လုပ်မှုလိုအပ်ချက် ဖြည့်ဆည်းရန် ကုမ္ပဏီများ ရုန်းကန်နေကြရကြောင်း စစ်တမ်းတွင်ဖော်ပြ
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 1 December 2022

ကုန်ကြမ်းရှားပါးမှုနှင့် လျှပ်စစ်ပြတ်တောက်မှုများကြောင့် ကုန်ထုတ်လုပ်မှု လိုအပ်ချက် ဖြည့်ဆည်းရန် ကုမ္ပဏီများရုန်းကန် နေကြရကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွက် S&P Global Market Intelligence မှ ထုတ်ပြန်သည့် မြန်မာထုတ်လုပ်မှု PMI စစ်တမ်း၌ ဖော်ပြထားသည်။

“နောက်ဆုံး PMI ဒေတာက မြန်မာထုတ်လုပ်ရေးကဏ္ဍရဲ့ စွမ်းဆောင်ရည်ဆိုးဝါးလာနေခြင်းကို အချက်ပြနေပါတယ်။ ဖော က်သည်များရဲ့ ဝယ်လိုအားပျော့နေခြင်းက အော်ဒါများနဲ့ ထုတ်လုပ်မှုကို ကန့်သတ်နေချိန်မှာ ကုန်ကြမ်းရှားပါးမှုများနဲ့ လျှပ်စစ်ပြတ်တောက်မှုများ ကဲ့သို့သော စိန်ခေါ်မှုများကို ဆက်ရင်ဆိုင်နေရရာ ကုမ္ပဏီများသည် ထုတ်လုပ်မှုလိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ရုန်းကန်နေကြရပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

 

S&P Global ထံမှ PMI နောက်ဆုံး ဒေတာအရ မြန်မာနိုင်ငံတစ်ဝန်းက ထုတ်လုပ်ရေးအခြေအနေများသည် နိုဝင်ဘာလတွင် ဆုတ်ယုတ်လာခဲ့သည်မှာ သတ္တမမြောက်လဖြစ်လာသည်။ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းက အခြေအနေဆိုးဝါးလာမှုမှာ PMI ထဲ တွင် ပါဝင်ကြသည့် အစိတ်အပိုင်းငါးခုအနက် သုံးခုဖြစ်သော ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် အလုပ်နေရာများထဲတွင် ကျ ဆင်းမှုပိုမြန်လာခြင်း၏ရလဒ်ဖြစ်ကြောင်း၊ စျေးနှုန်းများနှင့်ပတ်သက်ပြီးပြောလျှင်လည်း လွန်ခဲ့သည့် စစ်တမ်းကာလတွင် သိသာစွာအားပျော့သွားခဲ့သည့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ ပြန်ပြီးအရှိန်ရလာခဲ့ကြောင်း ဖော်ပြထားသည်။

အဓိကအကျဆုံး S&P Global  မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI- ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသော တစ်ခု တည်းသောအညွှန်းကိန်းမှာ ထုတ်လုပ်မှုတိုးလာခြင်းနှင့် ကျဆင်းလာမှုကို ပိုင်းခြားပေးသည့်အပြော်ငးအလဲမရှိအမှတ် ၅၀ ထက် နိမ့်သည့်နေရာတွင် နိုဝင်ဘာလ၌ မှတ်တမ်းတင်ခဲ့ကြောင်း၊အောက်တိုဘာလ၏ ၄၅.၇ မှ နိမ့်ဆင်းသွားလျက် ၄၄.၆ တွင်ရှိနေသောအ ညွှန်းကိန်းက ခုနစ်လကြာလက်ရှိကျဆင်းမှုအစဉ်တွင် ဒုတိယအမြန်ဆုံးကျဆင်းမှုကို အချက်ပြနေကြောင်း သိရသည်။

ထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး၏ စွမ်းဆောင်နိုင်ရည်ကျဆင်းလာခြင်းကြောင့် ယခုလတွင်ပါ ထုတ်လုပ်သူတို့၏ ယုံကြည်မှုမှာ အားနည်းလာခဲ့ကြောင်း၊ ကုန်ကြမ်းရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကျပ်ငွေနှုန်း ကျဆင်းလာမှုက မျှော်လင့်ချက်များအ ပေါ်တွင် ဖိစီးနေခဲ့ရာပါဝင်ဖြေခဲ့ကြသူ သုံးရာခိုင်နှုန်းတို့ကသာလျှင်လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုကို တိုးချဲ့နိုင်မည်ဟုမျှော် လင့်ကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

S&P Global  မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့ တစ်ခုမှထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ ထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့်ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent