ဧရာဝတီဘဏ်လီမိတက်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ်သို့ ပြောင်းလဲရန် တင်ပြထား

ဧရာဝတီဘဏ်လီမိတက်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ်သို့ ပြောင်းလဲရန် တင်ပြထား
Published 29 November 2022

ဧရာဝတီ ဘဏ်လီမိတက်ကို အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲရန် အီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) သို့ တင်ပြထားကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။

“အများနှင့်သက်ဆိုင်သောကုမ္ပဏီ ဖြစ်သွားရင် ကုမ္ပဏီဥပဒေအရ လိုက်နာရမယ့်ဟာတွေ တိုးလာသလို  အများနှင့်သက်ဆိုင်သောကုမ္ပဏီတွေမှာ သူ့ရဲ့ထူးခြားချက်တော့ ရှိတာပေါ့နော်။ ထူးခြားချက်က Public ပေါ့နော်၊ အများပြည်သူကို ရှယ်ယာ ကမ်းလှမ်းလို့ရတယ်။ Offer လုပ်လို့ ရတာပေါ့။ ဆိုလိုတာက Private ကုမ္ပဏီမှာတုန်း ကကျတော့ အစုရှယ်ယာတွေကို သူတို့ရှယ် ယာဝင်အချင်းချင်းပဲ ရှယ်ယာ transfer လုပ်၊ဘာညာ ဒါမျိုးပဲရတယ်။ အများ ပြည်သူကနေ ဒီအထဲကို စတော့အိတ်ချိန်းကို ဝင်တာမျိုးတွေက လိုတော့လိုသေးတယ်။ အများနှင့်မသက်ဆိုင်သောကုမ္ပဏီကကျတော့ အများပြည်သူကို ရှယ်ယာကမ်းလှမ်း လို့မရဘူး၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီကျတော့အများပြည်သူကို အစုရှယ်ယာတွေ ထည့်ဝင် ဖို့အတွက်တော့ သူတို့က ကမ်းလှမ်းလို့ရပြီ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“အများနှင့်သက်ဆိုင်သော ကုမ္ပဏီက တော့ Public ကုမ္ပဏီကို ပြောင်းသွားတဲ့အတွက် ကုမ္ပဏီဥပဒေအရလည်း လိုက်နာဖို့လို လာပြီ။ဘာလဲဆိုတော့ Public ကုမ္ပဏီရဲ့ အခွင့်အရေးဖြစ်တဲ့ Public ကို  Share offer လုပ်ဖို့အတွက် သူက ကုမ္ပဏီ အလားအလာညွှန်းတမ်းဆိုတာမျိုးတွေ  ကုမ္ပဏီရဲ့ရှေ့အကောင်းဆုံးလုပ်မယ့်ရည် ရွယ်ချက်တွေ  ကုမ္ပဏီမှာရှိနေတဲ့မတည်ရင်းနှီး ငွေတွေ၊ founder တွေ ၊ ကုမ္ပဏီနောက်လုပ်မယ့် project တွေက ဘယ်လောက်ခိုင်မာ တယ်၊ ချောမွေ့တယ်ဆိုတာမျိုးတွေကို  အ လားအလာညွှန်းတမ်းမှာရေးရတာ။ ရေးပြီး မှ မြန်မာနိုင်ငံငွေချေးသက်သေခံလက် မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် SECM မှာ တင်ရမှာ။ တင်ပြီးတော့မှ DICA က သူတို့ရဲ့ဥပဒေတွေနည်းဥပဒေ တွေအရ ရက် ၆၀ အတွင်းမှာ သူတို့တင်လာတာကို အတည်ပြုပေးမှာ။ အတည်ပြုပြီးတော့မှ offer ကို ကုမ္ပဏီဥပဒေအရ မှတ် ပုံတင်အရာရှိထံကို  သူတို့က တင်ပြရမှာ။ အဲလိုတင်ပြပြီးမှာ အပြင်ကို ရှယ်ယာoffer လုပ်လို့ရပြီ။ အဲတော့ public ကုမ္ပဏီက  အများပြည်သူကို ရှယ်ယာ offer လုပ်လို့ရ တယ်။ အဲတော့မှ အများပြည်သူက ငွေတွေ ထည့်ဝင်လာမှာပေါ့နော်။ အဲဒါမှသူတို့လုပ် ချင်တဲ့ စီးပွားရေးလုပ်ငန်းချဲ့ထွင်တာမျိုး လုပ် လို့ရမှာပေါ့နော်။ ဒါက အားသာချက်။  ဒါပေမဲ့ အားသာချက်အပေါ်မှာ ကုမ္ပဏီအ နေနဲ့ကျတော့ ဘာတွေလိုက်နာရမလဲဆို တော့  ခုနက ရှယ်ယာ offer လုပ်ထားတဲ့ ပိုက်ဆံ၊ငွေတွေကို သူတို့လုပ်မယ်ဆိုတဲ့ Project တွေမှာ ဆောင်ရွက်ရမယ်။ တကယ်လို့မဆောင်ရွက်နိုင်ရင် ခုနကပိုက်ဆံထည့် ဝင်ထားတဲ့ရှယ်ယာရှင်တွေကို ငွေပြန်အမ်း တာ၊ ပြန်မအမ်းရင် ဥပဒေနဲ့အညီ  အတိုးပေး  ရတာမျိုးတို့ ဒါမျိုးတွေ ကုမ္ပဏီဥပဒေမှာ အ များကြီးရှိတယ်” ဟုလည်း ၎င်းက ဆက် လက်ပြောကြားခဲ့သည်။

ဧရာဝတီဘဏ်လီမိတက်အနေဖြင့် အ များနှင့်မသက်ဆိုင်သည့်ကုမ္ပဏီအဖြစ်မှ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေး စိတ်အချက်အလက်များကို ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြပြီးဖြစ် ကြောင်း သိရသည်။

“ဧရာဝတီဘဏ်က ပြောင်းဖို့ဆိုပြီးတင် တာထားထက် သတင်းစာမှာလည်းကြော် ငြာပြီးပြီ။ MyCO မှာလည်း တင်ထားပြီ။ ဒါပေမဲ့ လောလောဆယ်တော့  Public မဖြစ်သေးဘူး” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။       

Most Read

Most Recent