နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) (အထစ)များ အပိုကိုင်ဆောင်ခြင်းများကို နီးစပ်ရာလဝကရုံးသို့ အပ်နှံခြင်းမပြုဘဲ ဆက်လက်ကိုင်ဆောင်နေခြင်းများ တွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်

နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) (အထစ)များ အပိုကိုင်ဆောင်ခြင်းများကို နီးစပ်ရာလဝကရုံးသို့ အပ်နှံခြင်းမပြုဘဲ ဆက်လက်ကိုင်ဆောင်နေခြင်းများ တွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်
Published 23 November 2022

နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) (အထစ)များ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာလဝကရုံးသို့ အပ်နှံခြင်းမပြုဘဲ ဆက်လက်ကိုင်ဆောင်နေခြင်းများ တွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတြ်ပန်ချက်အရ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) (အထစ)များကို အပိုကိုင်ဆောင်ခြင်းများရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက်တွင် နေ့စဉ်ထုတ်သတင်းစာနှင့် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့၌ ထုတ်လွှင့်ဖော်ပြအသိပေး ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ အောက်တိုဘာ ၁ ရက်အထိ ဆောင်ရွက်နိုင်ကြောင်း ကြေညာထားသော်လည်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)(အထစ)တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူ ပြည်သူများ၏ ပညာရေး အောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်းစသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် ပိုမိုသိရှိလာရောက်ဆောင်ရွက်နိုင်ရေးအတွက် ရက်သတ္တနှစ်ပတ်တိုး၍ နိုဝင်ဘာ ၁၅ ရက်အထိ လာရောက်ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၉ ရက်မှစ၍ နေ့စဉ်ထုတ်သတင်းစာများနှင့် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့တွင် ထပ်မံအသိပေးထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ယခုအခါ လာရောက်ဆောင်ရွက်ရမည့်ရက်သည် နိုဝင်ဘာ ၁၅ ရက်တွင် သတ်မှတ်ကာလပြည့်မြောက်ပြီးဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံသားကတ် အပိုကိုင်ဆောင်ပြီး လာရောက်ဆက်သွယ်ဆောင်ရွက်ခြင်းမရှိသူများ၏ ယခင်ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်များအား ပယ်ဖျက်၍ နောက်ဆုံးထုတ်ယူခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များအား အတည်ပြုပီးဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုထက် ပိုမိုကိုင်ဆောင်ထားသူများအနေဖြင့် ပယ်ဖျက်ပြီးဖြစ်သည့် ယခင်နိုင်ငံသားစိစစ်ရေးကတ်အား နီးစပ်ရာမြို့နယ် လဝကရုံးသို့ အပ်နှံကြပါရန်နှင့် အပ်နှံခြင်းမပြုဘဲ ဆက်လက်ကိုင်ဆောင်အသုံးပြုနေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent