ကမ္ဘာ့ဖလားရရန် မျှော်မှန်းထားဟု ဖာနန်ဒိုဂိုးမက်ဇ် ဆို

ကမ္ဘာ့ဖလားရရန် မျှော်မှန်းထားဟု ဖာနန်ဒိုဂိုးမက်ဇ် ဆို
Photo: CristianoXtra
Photo: CristianoXtra
Published 10 November 2022

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဖာနန်ဒိုဂိုးမက်ဇ်က ပေါ်တူဂီလက်ရွေးစင်အသင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန်မျှော် မှန်းထားကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန်ခက်ခဲသော်လည်း ပေါ်တူဂီအသင်းအနေဖြင့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သလိုမျိုး စွမ်းဆောင်နိုင်မည်ဟု ဖာနန်ဒိုဂိုးမက်ဇ်က ယုံကြည်နေသည်။

၎င်းက ''လက်ရှိ ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်မယ်လို့ ကျွန်တော် မျှော်မှန်းပါတယ်။ လက်ရှိ ကစားသမားအစုအဖွဲ့က ပါရမီရှင်တွေနဲ့ စုစည်းထားတာမျိုးဖြစ်ပြီး မျှော်လင့်ချက်က ကြီးမားပါတယ်။ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ခက်ခဲပေမဲ့ ယူရို-၂၀၁၆ တုန်းကလို လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပေါ်တူဂီသည် ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (H) တွင် ဥရုဂွေး၊ တောင်ကိုရီးယား၊ ဂါနာတို့နှင့်အတူ ကျရောက်နေပြီး နိုဝင်ဘာ (၂၄)ရက်တွင် ဂါနာနှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent