လိဂ်ဖလား၊ လာလီဂါနှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလား၊ လာလီဂါနှင့် စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: EFE
Photo: EFE
Published 10 November 2022

မန်ယူ နှင့် အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အက်စတွန်ဗီလာနည်းပြသစ် အူနိုင်းအမ်မရီအဖို့ ပွဲဦးထွက်(၂)ပွဲဆက် မန်ယူအသင်းနဲ့ ဆုံတွေ့ရတာကတော့ ခက်ခဲတဲ့ စမ်းသပ်မှုပါပဲ။ ပထမဆုံးစမ်းသပ်မှုကို အူနိုင်းအမ်မရီက အကောင်းဆုံးရလဒ်နဲ့ ကျော်ဖြတ်ပြနိုင်ခဲ့တယ်။ အူနိုင်းအမ်မရီအနေနဲ့ နည်းပြဟောင်း ဂျရတ်လက်ထက်က အမာခံကစားသမားအများစုကိုပဲ ယုံယုံကြည်ကြည် ဆက်အသုံးပြုခဲ့တာ တွေ့ရတယ်။ မန်ယူအသင်းကတော့ (၂)ရာသီဆက်တိုက် လိဂ်ဖလားတတိယအဆင့်ကနေ ထွက်ခွာရတာမျိုး အဖြစ်ခံမယ် မထင်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်လည်းဖြစ်လို့ မန်ယူ ရှုံး ကြွေးပြန်ဆပ်မယ်ထင်တယ်။

ဗယ်လက်ကာနို နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

လက်ရှိဆယ်လ်တာဗီဂိုရဲ့ခြေစွမ်း၊ ခံစစ်ပိုင်းအားနည်းမှုတွေအရတော့ အိမ်ရှင်ဗယ်လက်ကာနိုကို ယှဉ်နိုင်ဖို့မမြင်မိဘူး။ ဗယ်လက်ကာနိုကလည်း အိမ်ကွင်းကစားပုံကောင်းပြီး တိုက်စစ်ကလည်း ဂိုးသွင်းနှုန်းစိတ်ချရပါတယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲရွေးရမယ့်ပွဲလို့ထင်တယ်။

ဗလင်စီယာ နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဒီနှစ်သင်းမှာ ဗလင်စီယာကစားပုံက ဘက်တစ်ကိုမမီလောက်သေးဘူး။ ဘက်တစ်ကစားပုံက အသားကျနေပြီး အဝေးကွင်းမှာလည်း ထိန်းကစားနိုင်လို့ ဗလင်စီယာထင်တိုင်းပေါက်ဖို့ မဖြစ်နိုင်သေးဘူးထင်တယ်။ ဂိုးအနည်းသရေပွဲက ဗလင်စီယာအတွက် အမြင့်ဆုံးမျှော်လင့်ခွင့်ပါပဲ။

ရီးယဲလ်မက်ဒရစ် နှင့် ကာဒစ်ဇ် (မြန်မာစံတော်ချိန် သောကြာနံနက် ၃းဝ၀ နာရီ)

ရီးယဲလ်မက်ဒရစ်အိမ်ရှင်ဆိုပေမဲ့ သတိထားရင်ဆိုင်ရမယ့်ပွဲပါပဲ။ ကာဒစ်ဇ်က ရီးယဲလ်နဲ့တွေ့တိုင်း အခက်တွေ့အောင်ပြန်တုံ့ပြန်နိုင်တဲ့အသင်းပါ။ ဒါပေမဲ့လက်ရှိကာဒစ်ဇ်ရဲ့အဝေးကွင်းကစားအားကတော့ အားရစရာသိပ်မရှိလှသေးဘူး။ ဒီအခြေအနေက ရီးယဲလ်အတွက် အခွင့်အရေးဖြစ်သွားနိုင်တယ်။ ဒါ့ပြင် ဘာနေဗျူးမှာကစားရမှာဖြစ်လို့ ရီးယဲလ်တို့မျက်နှာပျက်ခံမှာမဟုတ်ပါဘူး။ ရီးယဲလ်ဂိုးနည်းနည်းနဲ့ပဲ နိုင်မယ်ထင်တယ်။ 

ဗီရိုနာ နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂းဝ၀ နာရီ)

ဗီရိုနာက စီးရီးအေနောက်ဆုံး (၈)ပွဲဆက် ရှုံးထားပြီး ခြေစွမ်းပိုင်းကလည်း အရမ်းညံ့ပါတယ်။ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ကြိုးစားနေပေမဲ့ ဘယ်လိုမှ ယုံကြည်လို့မရတဲ့ အနေအထားပါပဲ။ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ကြိုးစားမယ့် ဂျူဗင်တပ်စ် (၂-၀)လောက်နဲ့ နိုင်မယ်။

လာဇီယို နှင့် မွန်ဇာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)

လာဇီယိုက အီမိုဘီလီမကစားနိုင်တဲ့နောက် သွင်းဂိုးတွေ အများကြီးမျှော်လင့်လို့ မရတဲ့ အနေအထားဖြစ်လာခဲ့တယ်။ မွန်ဇာက ပြီးခဲ့တဲ့ပွဲမှာ နို်င်ပွဲပြန်တွေ့ခဲ့ပြီး ပုံစံကောင်းပြနေလို့ လာဇီယိုအတွက် ခက်ခဲနိုင်တယ်။ သရေကျဖို့များပါတယ်။

Most Read

Most Recent