ပြည်ပ​​​ရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာများ ပြည်တွင်းသို့ လွှဲပို့ခြင်းအတွက် အ​မေရိကန်တစ်​ဒေါ်လာ အ​ပေါ်တွင် ကျပ် ၃၀ အပို​ဆောင်း​ငွေအဖြစ် ပံ့ပိုးမည်ဟု ဗဟိုဘဏ် ထုတ်ပြန်

ပြည်ပ​​​ရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာများ ပြည်တွင်းသို့ လွှဲပို့ခြင်းအတွက် အ​မေရိကန်တစ်​ဒေါ်လာ အ​ပေါ်တွင် ကျပ် ၃၀ အပို​ဆောင်း​ငွေအဖြစ် ပံ့ပိုးမည်ဟု ဗဟိုဘဏ် ထုတ်ပြန်
Published 28 October 2022

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောလုပ်ခ/လစာများအား လိုင်စင်ရဘဏ်များမှတစ်ဆင့် လွှွဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ)အပေါ်တွင် ကျပ် ၃၀ နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးသွားမည်ဖြစ်ကြောင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာ​​ဖွေပေးလျက်ရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီး​​မြှောက်သောအားဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံး​​ငွေ ​​ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှွဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ) အပေါ်တွင် ကျပ် ၃၀ အား နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ယင်းပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ခြင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

Most Read

Most Recent