■ အယ်လ်ချီနှင့်ပွဲမှ VAR ဆုံးဖြတ်ချက်အတွက် ရီးယဲလ်ကို RFEF တောင်းပန်

■ အယ်လ်ချီနှင့်ပွဲမှ VAR ဆုံးဖြတ်ချက်အတွက် ရီးယဲလ်ကို RFEF တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 21 October 2022

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) သည် အယ်လ်ချီနှင့်ပွဲမှ VAR ဆုံးဖြတ်ချက်အတွက် ရီးယဲလ်အသင်းကို ပြန်လည်တောင်းပန်ခဲ့ ကြောင်း သိရသည်။

ယင်းပွဲတွင် ရီးယဲလ်အသင်းသည် အမှတ်ပေးဇယားအောက်ဆုံးမှ အယ်လ်ချီအသင်းကို (၃-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း VAR ဆုံးဖြတ်ချက်ဖြင့် ပယ်ဖျက်ခံရသည့် ဂိုးများလည်း ရှိခဲ့သည်။ 

အဆိုပါဆုံးဖြတ်ချက်များမှာ ရီးယဲလ်အသင်း၏ ရလဒ်ပိုင်းအပေါ် သက်ရောက်မှုမရှိခဲ့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ပြန်လည်သုံးသပ်မှုပြုလုပ်ခဲ့ပြီးနောက် ရီးယဲလ်အသင်းကို တောင်းပန်စာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

VAR ဖြင့် ပယ်ဖျက်ခံခဲ့ရသည့် (၃)ဂိုးအနက် ပွဲချိန်(၂၆)မိနစ်တွင် အလာဘာ သွင်းယူခဲ့သောဂိုးအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်က တောင်းပန်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဂိုးအတွက် တိုက်စစ်ပုံဖော်ရာတွင် ဘန်ဇီမာ လူကျွံနေသည်ဟု VAR ဖြင့် ဆုံးဖြတ်ကာ အလာဘာ၏ သွင်းဂိုးကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် စပိန်ဘောလုံးအဖွဲ့ချုပ်က ပွဲအပြီးတွင် အဆိုပါဆုံးဖြတ်ချက်မှာ မှားယွင်းခဲ့ကြောင်း၊ နောက်နောင် ယင်းသို့ မှားယွင်းမှုမျိုး မရှိအောင် လုပ်ဆောင်သွားမည်ဟု ကတိပြုကြောင်း ရီးယဲလ်အသင်းထံ ပေးပို့သည့် တောင်းပန်စာတွင် ထည့်သွင်းရေးသားခဲ့ကြောင်း ASက ဖော်ပြခဲ့သည်။ 

Most Read

Most Recent