■ အာဖရိကအသင်းများ ကမ္ဘာ့ဖလားမျှော်မှန်းသင့်ဟု ကူလီဘလီ ဆို     

■ အာဖရိကအသင်းများ ကမ္ဘာ့ဖလားမျှော်မှန်းသင့်ဟု ကူလီဘလီ ဆို     
Photo: Getty Images
Photo: Getty Images
Published 21 October 2022

ချယ်လ်ဆီးအသင်းမှ ဆီနီဂေါနောက်ခံလူ ကူလီဘလီက အာဖရိကအသင်းများအနေဖြင့် ကမ္ဘာ့ဖလားချန်ပီယံဆုကို မျှော်မှန်းယှဉ်ပြိုင်သင့်သည်ဟု ပြောကြားခဲ့သည်။ 

အာဖရိကအသင်းများမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမြင့်ဆုံး ကွာတားဖိုင်နယ်အဆင့်သာ ရောက်ရှိဖူးပြီး ဆီနီဂေါအသင်းလည်း ပါဝင်ခဲ့သည်။ 

ကူလီဘလီက "ကျွန်တော်တို့က အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရင်ပဲ အောင်မြင်ပြီလို့ စဉ်းစားနေကြပါတယ်။ ဒီထက်မြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိသင့်ပါတယ်။ ကျွန်တော်တို့အသင်းတွေမှာလည်း အရည်အသွေးမြင့်မားတဲ့ ထိပ်တန်းကစားသမားတွေ ရှိနေတာပါပဲ"ဟု ပြောကြားခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ (၂၀) ရက်မှာ ဒီဇင်ဘာ (၁၈) ရက်နေ့အထိ ကာတာနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent