ယနေ့ည ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: DailyAFC
Photo: DailyAFC
Published 20 October 2022

အာဆင်နယ် နှင့် PSV (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ ဘိုဒယ်ဂလင့်နဲ့ပွဲမှာတော့ ဆာကာ၊ အော်ဒီဂွါ၊ ဘင်ဝှိုက်တို့သုံးပြီး ကစားသွားတာ တွေ့ရတယ်။ အာဆင်နယ်အနေနဲ့ (၁၆)သင်းအဆင့်ကို တန်းရောက်ဖို့ ပထမနေရာအတွက် အားစိုက်ဖို့ လိုအပ်နေသေးတာ မှန်ပေမဲ့ ပွဲထွက်လူစာရင်းက ဘိုဒယ်ဂလင့်ပွဲကထက် ပိုမိုအားနည်းတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်လာဖို့များတယ်။ PSV အသင်းမှာသာ ဂိုးသွင်းနိုင်ခြေရှိသူများပြီး FC ဇူးရစ်အသင်းနဲ့ နှစ်ကျော့စလုံးမှာလည်း (၅)ဂိုးစီ သွင်းထားခဲ့တယ်။ ဒါပေမဲ့ အန်ကယ်တီယာ၊ ဗီယေရာတို့ကစားဖို့ရှိတဲ့ အာဆင်နယ်တိုက်စစ် လုပ်အားနှုန်းကောင်းလို့ အိမ်ရှင် အနိုင်သေချာပါတယ်။

ဖူလ်ဟမ် နှင့် အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)

နည်းပြ ဂျရတ်ရဲ့ အက်စတွန်ဗီလာက နောက်ပိုင်းပွဲတွေမှာ တိုးတက်လာပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးကို ရှုံးခဲ့ပေမဲ့ ရှုံးပွဲတွေနည်းလာတယ်။ တိုက်စစ်ကတော့ အားရစရာမရှိဘူး။ ဖူလ်ဟမ်က မီထရိုဗစ် ဂိုးပေါက်တွေ့နေဆဲ ဖြစ်ပေမဲ့ ခံစစ်ပိုင်းအားနည်းလာတာတွေ့ရတယ်။ သရေကျနိုင်တယ်။ 

လက်စတာ နှင့် လိဒ်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၄၅ နာရီ)

နှစ်သင်းစလုံး ရလဒ်ပိုင်းကျဆင်းနေကြတာချင်းတူရင်တောင် ကစားပုံကတော့ လိဒ်စ်ယူနိုက်တက်က ပိုကောင်းပါတယ်။ လိဒ်စ်ကစားတာ ဆွဲဆောင်မှုရှိပြီး တစ်ဦးချင်းကောင်းတယ်။ အာဆင်နယ်ကို ရှုံးခဲ့ပေမဲ့လည်း အထင်ကြီးစရာပုံစံကို လိဒ်စ် ပြသခဲ့တယ်။ လက်စတာက မက်ဒီဆန် ပွဲပယ်ခံထားရလို့ ပိုအားနည်းနေတယ်။ လိဒ်စ်ကို ကြိုက်တယ်။

အယ်မယ်ရီယာ နှင့် ဟီရိုနာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဆီဂန်ဒါမှာ ဆုံခဲ့ကြတုန်းကတော့ အယ်မယ်ရီယာကွင်းမှာ ဟီရိုနာခံကစားနိုင်လေ့ရှိတယ်။ လာလီဂါလတ်တလောရလဒ်တွေအရတော့ နှစ်သင်းစလုံး နိုင်ပွဲရရေး ရုန်းကန်နေရတာချင်းတူနေပေမဲ့ အိမ်ကွင်းမှာ ဗယ်လက်ကာနိုကို အနိုင်ယူပြထားတဲ့ ခြေစွမ်းနဲ့ဆိုရင် ဟီရိုနာမလွယ်လောက်ဘူးထင်တယ်။ အယ်မယ်ရီယာနဲ့ ဂိုးအများပဲကောင်းမယ်။

အိုဆာဆူနာ နှင့် အက်စ်ပန်ညို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

အစဉ်အလာတွေအရတော့ အိုဆာဆူနာ အသာရတာ များပေမဲ့ ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာ အက်စ်ပန်ညိုက နှစ်ပွဲစလုံး သရေရအောင် ခံကစားနိုင်ပြီး တိုးတက်မှုပြနိုင်ခဲ့တယ်။ အိုဆာဆူနာကလည်း အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက် အရှုံးပေါ်ထားပုံနဲ့တော့ အခုအက်စ်ပန်ညိုကိုလည်း ခက်ခက်ခဲခဲ ထိန်းယူရဦးမှာသေချာတယ်။ ဂိုးနည်းသရေပွဲပဲမှန်းထားချင်တယ်။

ဘာစီလိုနာ နှင့် ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဒီပွဲမှာ အဓိကအဆုံးအဖြတ်ပေးသွားမှာက ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းပါပဲ။ ဗီလာရီးယဲလ်က အဝေးကွင်းပွဲတွေအတွက် ခံစစ်ကို အဓိကပြင်ဆင်တဲ့အသင်းဖြစ်ပြီး တိုက်စစ်က အဝေးကွင်းမှာ ဂိုးရဖို့ရုန်းကန်နေရတာတွေကရတယ်။  ဒီလိုအဝေးကွင်း ခြေစွမ်းအရတော့ နူးကမ့်မှာ ဘာစီလိုနာနဲ့တွေ့မှထပြီး ဂိုးတွေသွင်းပြနိုင်ဖို့ဆိုတာ ဗီလာရီးယဲလ်အတွက် ခက်ခဲလွန်းနေမှာ သေချာနေတယ်။  ပြီးခဲ့တဲ့ရာသီ နောက်ဆုံးပိတ်ပွဲ အိမ်ကွင်းမှာ ဗီလာရီးယဲလ်ကို (၂-၀)ဂိုး နဲ့ ရှုံးခဲ့ရတဲ့အရှုံးအတွက် ဘာစီလိုနာ အခုပြန်ပေးဆပ်လိမ့်မယ်ထင်တယ်။ ဘာစီလိုနာနိုင်မယ်။ ဂိုးတော့နည်းနိုင်တယ်။ 

Most Read

Most Recent