ရီးယဲလ်နည်းပြ အန်ဆယ်လော့တီသည် PSG တိုက်စစ်မှူး ဘာပေ၏ အပြောင်းအရွှေ့သတင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
ပြီးခဲ့သည့်နွေက ရီးယဲလ်အသင်း ခေါ်ယူရန် အသည်းအသန်းကြိုးပမ်းခဲ့သည့် ဘာပေသည် ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုကာ PSG အသင်း၌ ဆက်နေခဲ့သည်။
သို့သော် ဘာပေသည် PSG အသင်းက ၎င်းကို သစ္စာဖောက်သည်ဟုခံစားနေရပြီး လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း သတင်းထွက်ပေါ်လာခဲ့ သည်။
ထို့ကြောင့် ရှက်တာဒိုးနက်နှင့်ပွဲအပြီးတွင် သတင်းထောက်တစ်ဦးက ဘာပေအား ခေါ်ယူရန် ပြန်လည်ကြိုးပမ်းမည်လားဟု မေးမြန်းခဲ့ရာ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက "ခင်ဗျားက ဒီမေးခွန်းကို မေးဖို့ သတ္တိရှိတယ်ပေါ့။ ကျွန်တော့်မှာ အဖြေမရှိဘူး"ဟု ဆိုခဲ့သည်။
ရီးယဲလ်အသင်းသည် ဘာပေကို ခေါ်ယူနိုင်မည်ဟု ယုံကြည်မှုမရှိကြောင်းလည်း နာမည်ကျော်ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။















