ချယ်လ်ဆီးအသင်း၏ နည်းပြဟောင်း သောမတ်စ်တူဟယ်လ်သည် ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်း၏ ငြင်းဆန်ပယ်ချခြင်း ခံခဲ့ရခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော သောမတ်စ်တူဟယ်လ်ကို အခြားပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်းက နည်းပြအဖြစ်ခန့်အပ်ရန် ကမ်းလှမ်းခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် သောမတ်စ်တူဟယ်လ်သည် အဆိုပါကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့သလို၊ လေဗာကူဆင်အသင်း၏ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ကြောင်း သိရှိရသည်။
သောမတ်စ်တူဟယ်လ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း စိတ်ဝင်စားနေပြီး လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်၏နေရာတွင် အစားထိုးခန့်အပ်ရန်ပစ်မှတ်ထားနေကြောင်းလည်း သိရသည်။















