အင်တာမီလန်နှင့် သရေကျခဲ့သည့်ပွဲအပြီးတွင် ဇာဗီ၏ စွမ်းဆောင်ရည်အပေါ် လာပေါ်တာ ဒေါသပေါက်ကွဲခဲ့သည်ဟု သတင်းထွက်ပေါ်

အင်တာမီလန်နှင့် သရေကျခဲ့သည့်ပွဲအပြီးတွင် ဇာဗီ၏ စွမ်းဆောင်ရည်အပေါ် လာပေါ်တာ ဒေါသပေါက်ကွဲခဲ့သည်ဟု သတင်းထွက်ပေါ်
Photo: Getty Images
Photo: Getty Images
Published 14 October 2022

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ လာပေါ်တာသည် အင်တာမီလန်အသင်းကို အိမ်ကွင်း၌ သရေကျခဲ့သည့် ပွဲအပြီးတွင် အသင်းနည်းပြ ဇာဗီ၏ စွမ်းဆောင်ရည်အပေါ် ဒေါသပေါက်ကွဲခဲ့သည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ဘာစီလိုနာအသင်းသည် အင်တာမီလန်အသင်းကို အဝေးကွင်းတွင် ရှုံးနိမ့်ပြီးနောက် အိမ်ကွင်း၌ မဖြစ်မနေ အနိုင်ကစားရမည့် အခြေအနေ ဖြစ်လာခဲ့သော်လည်း သရေသာ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် အိမ်ကွင်းပရိသတ်ရှေ့မှောက် သရေကျခဲ့သည့်အတွက် ဘာစီလိုနာအသင်းသည် ရှုံးထွက်အဆင့်သို့ တက်နိုင်ရန် အလွန်ခက်ခဲသွားခဲ့ပြီး အင်တာမီလန်အသင်း လက်ကျန်(၂)ပွဲ စလုံး ရှုံးခဲ့လျှင်ပင် ဘာစီလိုနာအသင်းက (၄) မှတ်ယူရမည့်အခြေအနေ ဖြစ်သွားခဲ့သည်။

ယင်းအတွက်ကြောင့် လာပေါ်တာသည် ဇာဗီ၏ စွမ်းဆောင်ရည်အပေါ် ဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဇာဗီအား ဆူပူကြိမ်းမောင်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဇာဗီကမူ ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲသည် မိမိတို့အသင်းအပေါ် ရက်စက်လွန်းကြောင်းနှင့် အမှားများစွာရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent