မုတ္တမမြို့ မုတ္တမတောင်တန်းပေါ်ရှိ သမိုင်းဝင် ကျိုက်ဖျဉ်ကူစေတီတော်၏ တောင်ဘက်ရင်ပြင်ပြုပြင်ရန် မြေတူးစဉ် (၁၄) ရာစုခန့်မှ သက္ကရာဇ်နှင့် မွန်စာများပါရှိသည့် ရှေးဟောင်းခေါင်းလောင်းတစ်လုံး တွေ့ရှိ

မုတ္တမမြို့ မုတ္တမတောင်တန်းပေါ်ရှိ သမိုင်းဝင် ကျိုက်ဖျဉ်ကူစေတီတော်၏ တောင်ဘက်ရင်ပြင်ပြုပြင်ရန် မြေတူးစဉ် (၁၄) ရာစုခန့်မှ သက္ကရာဇ်နှင့် မွန်စာများပါရှိသည့် ရှေးဟောင်းခေါင်းလောင်းတစ်လုံး တွေ့ရှိ
Published 9 October 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့ မုတ္တမတောင်တန်းပေါ်ရှိ ရှေးဟောင်း ၁၆ ဌာ န သမိုင်းဝင်ကျိုက်ဖျဉ်ကူစေတီတော်၏ တောင်ဘက်ရင်ပြင်ပြုပြင်ရန် အောက်တိုဘာ  ၈ ရက် နံနက်ပိုင်းက မြေတူးစဉ် ၁၄ ရာစုခန့် မှ သက္ကရာဇ်နှင့် မွန်စာများပါရှိသည့် ရှေး ဟောင်းခေါင်းလောင်းတစ်လုံးကို တွေ့ရှိခဲ့ ကြောင်း သမိုင်းဝင်ကျိုက်ဖျဉ်ကူစေတီတော် ပြုပြင်ရေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိ ရသည်။

“တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းခေါင်း လောင်းက လုံးပတ် ၁၁ လက်မ၊ ခေါင်းလောင်း အဝခုနစ်လက်မ၊ ခေါင်းလောင်းအမြင့် ခုနစ် လက်မခန့်ရှိပါတယ်။ ခေါင်းလောင်းပေါ်မှာ က စာတွေက မွန်ရှေးဟောင်းစာတွေလို့ မွန် ရှေးဟောင်းစာနဲ့ပတ်သက်တဲ့ ပညာရှင်တွေ ထံက သိရပါတယ်။ နောက် သက္ကရာဇ်လည်း ပါတယ်လို့ သိရပါတယ်” ဟု သမိုင်းဝင်ကျိုက် ဖျဉ်ကူစေတီတော်ပြုပြင်ရေး အကျိုးတော် ဆောင်တစ်ဦးက ပြောကြားသည်။

ခေါင်းလောင်းပေါ်တွင် “သက္ကရာဇ် ၇၀၃  AD- 1341 တရုတ်မင်းသားတော် သိင်္ဃ ဝတ္တမဟာထေရ်ဘွဲ့အမည်ရသော မဟာထေရ် ဓမ္မရာဇဂုနမှ ပြုလုပ်ပြီး ဖျက်ဆီးသူ အပါယ် လေးဘုံလားပါစေ၊ ဤခေါင်းလာင်းသွန်းသမား သူ့ကောင်းမှုမရှည်ကြာစေလိုပါ” ဟု အဓိပ္ပာယ်ရသည့် မွန်စာများ ရေးထွင်းထားခြင်း ဖြစ်ကြောင်း မွန်ရှေးဟောင်းသုတေသီများ၏ သုံးသပ်ချက်များအရ သိရသည်။

ရှေးဟောင်းခေါင်းလောင်းအပေါ်တွင် ရေးထွင်းထားသည့် မွန်စာများနှင့်ပတ်သက် ပြီး ရာဇဝင်အရ ဗညားအားလော (၆၉၂ - ၇၁၀) နန်းစံချိန်ဖြစ်ကြောင်း၊ ခေါင်းလောင်း ပြုလုပ်သူ မင်းဆရာတော်မှာ တရုတ်မင်း၏ သားတော်ဖြစ်ကြောင်း၊ ခေါင်းလောင်းပေါ်တွင် ပါရှိသည့် နောက်ဆုံးစာကြောင်း၏ အ ဓိပ္ပာယ်ပြန်ရန် ခက်ခဲနေပြီး သံသရာမရှည်ချင်တော့ကြောင်းကို ဆိုလိုပုံရကြောင်း၊ အဆိုပါ ရှေးဟောင်းခေါင်းလောင်းမှာ မြန်မာနိုင်ငံအတွင်း တူးဖော်တွေ့ရှိခဲ့သော သက္ကရာဇ်ပါ သည့် ရှေးဟောင်းခေါင်းလောင်းများအနက် အစောဆုံးခေါင်းလောင်းဖြစ်ကြောင်း၊ ခေါင်းလောင်းပေါ်ပါရှိသည့် မွန်စာမှာလည်း ခေတ်လယ် မွန်ကမ္ဗည်း ကျောက်စာအားလုံးထဲတွင်  အစောဆုံးဖြစ်ကြောင်းနှင့် မုတ္တမခေတ်ကို ကိုယ်စားပြုသည့် တစ်ခုတည်းသောကမ္ဗည်း စာဖြစ်ကြောင်း မွန်ရှေးဟောင်းသုတေသီများ က မှတ်ချက်ပြုထားကြသည်။

အဆိုပါ မုတ္တမမြို့ မုတ္တမတောင်တန်း ပေါ်ရှိ ရှေးဟောင်း ၁၆ ဌာန သမိုင်းဝင်ကျိုက် ဖျဉ်ကူစေတီတော်အား မော်လမြိုင်မြို့ရှိ မြ ဆည်းဆာနှင့် နဂါးမောက်ဆရာတော် သဒ္ဒန္တနရိန္ဒကဦးဆောင်၍ အလှူရှင်များ စုပေါင်း ကာ ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

 

Most Read

Most Recent