လီဗာပူးလ်နည်းပြ ကလော့ပ်က မိမိသည် အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ၏ပရိသတ်ဖြစ်သည်ဟု ပြောကြားပြီး ချီးကျူးမှုပြုလုပ်ခဲ့သည်။
လီဗာပူးလ်အသင်းသည် အောက်တိုဘာ (၉)ရက်တွင် အာဆင်နယ်နှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ကလော့ပ်က အော်ဒီဂွါကို ချီးကျူုးခဲ့ခြင်းလည်းဖြစ်သည်။
ကလော့ပ်က ''ကျွန်တော် သူ့(အော်ဒီဂွါ)ကို ကြိုက်ပါတယ်။ ရီးယဲလ်မှာတုန်းက သူ ရုန်းကန်ခဲ့ရပေမဲ့ အခုဆို သူ ဘယ်လောက်ကောင်းလဲ မြင်သာပါတယ်။ ကျွန်တော် ဒေါ့မွန်မှာတုန်းက သူ့ကိုခေါ်ဖို့ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်။ သူ ငယ်ငယ်ကတည်းက ကျွန်တော် အားပေးလာတာပါ''ဟု ဆိုခဲ့သည်။















