ထိုင်းနိုင်ငံတွင် သီတင်းပတ် ၂၀ သက်တမ်းရှိသည့် ကိုယ်ဝန်များကို တရားဝင်ဖျက်ချခွင့်ပြုမည်

ထိုင်းနိုင်ငံတွင် သီတင်းပတ် ၂၀ သက်တမ်းရှိသည့် ကိုယ်ဝန်များကို တရားဝင်ဖျက်ချခွင့်ပြုမည်
Photo: AFP
Photo: AFP
Published 30 September 2022
Ref: AFP

ထိုင်းနိုင်ငံတွင် ကိုယ်ဝန်သီတင်းပတ် ၂၀ အထိရှိသူများကို တရားဝင်ဖျက်ချခွင့်ပြု မည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထား သည်။

အဓမ္မပြုကျင့်ခံရခြင်း၊ မိခင်အတွက်အသက်အန္တရာယ်ရှိခြင်း ကိစ္စများမှအပ ကိုယ် ဝန်ဖျက်ချခြင်းသည် ယခင်က ထိုင်းနိုင်ငံတွင်  တရားမဝင်လုပ်ရပ်ဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါ ရီတွင်မူ ကိုယ်ဝန် ၁၂ ပတ်အမျိုးသမီးများအ တွက်  ကိုယ်ဝန်ဖျက်ချခွင့်တားမြစ်မိန့်ကို ပယ်ဖျက်ပေးခဲ့သည်။

သို့သော်လည်း ၂၀၁၀ ခုနှစ်က တရားမဝင်ဖျက်ချထားသည့် သန္ဓေသား ၂,၀၀၀ နီးပါးကို ဘုရားကျောင်းတော် တစ်ခုအတွင်းတွေ့ခဲ့သည့် ထိတ်လန့်ဖွယ်ဖြစ် စဉ်က ဗုဒ္ဓဘာသာအများစုနေထိုင်ရာ ထိုင်း နိုင်ငံကို ခြောက်လှန့်နေခဲ့သည်။

ယခုအစိုးရ ထုတ်ပြန်ချက်တွင် ကိုယ်ဝန်သီတင်းပတ်ရေ ၂၀ ရှိသည့်အမျိုးသမီးများအထိ ကိုယ်ဝန်ဖျက် ချခွင့်ပြုမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ချက်ကို  ပြစ်မှုအဖြစ်မသတ်မှတ်ဟု ဆိုထားသည်။

ယ ခင်ကမူ ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချပါက  ဒဏ်ငွေဘတ်တစ်သောင်း သို့မဟုတ် ထောင် ဒဏ်ခြောက်လ သို့မဟုတ် ပြစ်ဒဏ်နှစ်မျိုး စလုံး ချမှတ်အပြစ်ပေးနိုင်သည်။

ယခုခွင့်ပြု ပေးလိုက်သော်လည်း ဖျက်ချမည့်သူသည် ကျန်းမာရေးပညာရှင်များနှင့် ကြိုတင်ဆွေး နွေးရမည်ဖြစ်ပြီး ထိုမှသာ သိသင့်သည်အား လုံးကိုသိပြီး အပြီးသတ်ဆုံးဖြတ်နိုင်မည်ဟု အစိုးရကထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent