ဂျပန်တွင် အင်အားပြင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်နေသဖြင့် သန်းနှင့်ချီသည့်ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်

ဂျပန်တွင် အင်အားပြင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်နေသဖြင့် သန်းနှင့်ချီသည့်ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်
စက်တင်ဘာ ၁၈ ရက်က ကျူရှူးကျွန်းတောင်ပိုင်း ကာဂိုရှီးမားမြို့၌ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာချိန်တွင် လေပြင်းများတိုက်ခိုက်မှုကြောင့် ယိမ်းယိုင်နေသည့် အပင်များကို တွေ့ရစဉ် (Photo: AFP)
စက်တင်ဘာ ၁၈ ရက်က ကျူရှူးကျွန်းတောင်ပိုင်း ကာဂိုရှီးမားမြို့၌ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာချိန်တွင် လေပြင်းများတိုက်ခိုက်မှုကြောင့် ယိမ်းယိုင်နေသည့် အပင်များကို တွေ့ရစဉ် (Photo: AFP)
Published 19 September 2022
​​​​​​​Ref: AFP

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် စက်တင်ဘာ ၁၈ ရက်က အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် လူအများအပြား ဘေးလွတ်ရာနေရာများတွင် ခိုလှုံခဲ့ကြပြီး အာဏာပိုင်များကလည်း သန်း နှင့်ချီသည့် ဒေသခံများကို နေရာရွှေ့ပြောင်း ကြရန် တိုက်တွန်းခဲ့သည်။

ဂျပန်မိုးလေဝသအေဂျင်စီ (JAM) က ကျူရှူးကျွန်းပေါ် ရှိ ကာဂိုရှီးမားနှင့် မီယာဇာ ကီဒေသများတွင် အထူးသတိပေးချက်ထုတ် ပြန်ခဲ့ပြီး ယင်းသတိပေးချက်အဆင့်သည် ဂျ ပန်တွင် ဆယ်စုနှစ်အနည်းငယ်အတွင်း ပထ မဆုံးအကြိမ် ထုတ်ပြန်မှုဖြစ်ခဲ့သည်။

စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းအထိ ကျူရှူးကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခိုက်ခဲ့ကာ ကာဂိုရှီးမား၊ ကူမာမိုတာ၊ နာဂါဆာကီနှင့် မီယာဇာကီဒေ သများတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း ၉၈၀၀၀ နီးပါးသည် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သည်။

ယင်းမုန်တိုင်းဖြတ်သန်းသွားခြင်းမပြု မီအချိန်အထိ ရထားများ၊လေယာဉ်များနှင့် ကူးတို့သင်္ဘောများပြေးဆွဲမှုကို ဖျက်သိမ်းခဲ့ သည်။

“အန္တရာယ်ရှိတဲ့နေရာတွေနဲ့ အဝေးမှာ နေကြပါ။ အန္တရာယ်အငွေ့အသက်ခံစားရ မယ်ဆိုရင် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြပါ” ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မုန်တိုင်း နှင့်ပတ်သက်ပြီး ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် Twitter ပေါ်၌ ရေးသားခဲ့သည်။

“ညဘက်မှာ ရွှေ့ပြောင်းကြမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ အလင်းရောင်ရနေ တဲ့အချိန်မှာ ဘေးကင်းရာကို ရွှေ့ပြောင်းကြ ပါ”ဟု ကီရှီဒါက ရေးသားခဲ့သည်။

ယင်းဒေသတွင် လေပြင်းများတိုက်ခိုက် မှု၊ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် မကြုံ စဖူး အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်ဟု JAM က ပြောကြားခဲ့သည်။

“အမြင့်ဆုံးအဆင့် သတိပေးနှိုးဆော်ချက် လိုအပ်ပါတယ်။ ဒါဟာ အရမ်းကို အန္တရာယ်များတဲ့ မုန်တိုင်းပါ”ဟု JAM အကြီးအကဲ ရူတာ ကူရိုရာက စက်တင်ဘာ ၁၇ ရက် တွင် ပြောကြားခဲ့သည်။

လေတိုက်နှုန်းပြင်းထန်နိုင်သဖြင့် အချို့ နေအိမ်များ ပြိုလဲနိုင်ပြီး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများလည်း ဖြစ်ပွားနိုင်သည်ဟု ကူရို ရာက သတင်းထောက်များကို ပြောကြားခဲ့ သည်။

ကျူရှူးကျွန်းပေါ်တွင် လူပေါင်း လေးသန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက်များထုတ်ပြန်ခဲ့ပြီး ကာဂိုရှီးမား  နှင့် မီယာဇာကီဒေသတို့တွင် စက်တင်ဘာ ၁၈ ရက်မွန်းလွဲပိုင်းအထိ လူပေါင်း ၁၅၀၀၀ ကျော်သည် ဒေသခံ ခိုလှုံရေးစခန်းများတွင် ရောက်ရှိနေကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဘေးလွတ်ရာရွှေ့ပြောင်းရေး သတိပေး ချက်များတွင် ဒေသခံများအနေဖြင့် ခိုလှုံရေး စခန်းများသို့မဟုတ် ဆိုးရွားသည့် ရာသီဥတု ဒဏ်ကို ခံနိုင်ရည်ရှိသည့် အဆောက်အအုံ များသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်။

ယင်းမုန်တိုင်းသည် စက်တင်ဘာ ၁၉ ရက်တွင် အရှေ့မြောက်ဘက်သို့ ဦးတည်သွား နိုင်သည်ဟု JAM ကထုတ်ပြန်ခဲ့သည်။

ဂျပန်သည် လက်ရှိတွင် တိုင်ဖွန်းရာသီဖြစ်ပြီး တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း ၂၀ ခန့်တိုက်ခတ် လေ့ရှိသည်။                                     Ref: AFP

Most Read

Most Recent