ကိုဗစ်-၁၉ ကုစားရေးအစီအစဉ်ဖြင့် ဆောက်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် နေပြည်တော်တွင် ရာနှုန်းပြည့်၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောက်ရွက်ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ကိုဗစ်-၁၉ ကုစားရေးအစီအစဉ်ဖြင့် ဆောက်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် နေပြည်တော်တွင် ရာနှုန်းပြည့်၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောက်ရွက်ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 16 September 2022

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် နေပြည်တော်တွင် ရာနှုန်းပြည့်၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောက်ရွက် ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ဆိုသည်။

စက်တင်ဘာ ၁၅ ရက်က Video Conferencing ဖြင့်  ပြုလုပ်သည့် ပြည်သူ့အငှား အိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက ပြော ကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အခန်းတစ်သောင်း၏ ပထမအဆင့် အခန်းပေါင်း ၅၀၀၈ ခန်းကို အသင်းချုပ်သုံးခုနှင့် အသင်းဝင်ကုမ္ပဏီများ၏ တာဝန်ယူမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်းနှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ပြောကြားသည်။

ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦး ၂၅ ခု၊ ရန်ကုန်တွင် အဆောက်အဦး ၁၉၄ ခု၊ မန္တလေးတွင် အဆောက်အဦး ၉၁ ခု တည်ဆောက်နေခြင်းဖြစ်သည်။

စီမံကိန်းပမာဏ ကြီးမားသည်နှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရန် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထ ရိုက်တာများအသင်းချုပ် (MLCA)နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) စသည့်အသင်းချုပ်သုံးခု၊ QC အဖွဲ့များနှင့် စီမံကိန်းလုပ်ငန်းကြီးကြပ်သူများအနေဖြင့် အချိတ်အဆက်မိမိဖြင့် တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၁ ခုနှစ် မှ လက်ရှိအချိန်အထိ အိမ်ရာထုတ်လုပ်မှုတွင် အရောင်းအိမ်ရာအတွက် အခန်းပေါင်း ၂၈၉၀၁ ခန်းနှင့်အငှားအိမ်ရာအတွက် အခ န်းပေါင်း ၂၆၆၉၉ ခန်းဖြင့် စုစုပေါင်း ၅၅၆၀၀ ခန်းထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ မြို့ ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည် ဆောက်ပြီးဖြစ်သည့်မြို့များဖြစ်ရေရန်နှင့် ယင်းမြို့များတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ အိမ်ခန်းပေါင်းတစ်သန်းအထိ တည်ဆောက်ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏လူဦးရေတိုးနှုန်းအရ နှစ်စဉ်ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်နေသော်လည်း မြေ၊ ဘဏ္ဍာငွေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန်ဆောင်ရွက်နေကြောင်း  သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်းပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက် ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေ ရောင်းချပေးလျက်ရှိသည်။

တစ်နှစ်လျှင် အငြိမ်းစားယူမည့်ဝန်ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူလိုသည့်အတွက် တစ်နှစ်လျှင်အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေး ရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

Most Read

Most Recent