K Pay က နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည်ဖြစ်ကြောင်း အတည်ပြု

K Pay က နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည်ဖြစ်ကြောင်း အတည်ပြု
Published 15 September 2022

ကမ္ဘောဇဘဏ် (K Pay) က နိုင်ငံခြားလုပ်သား လစာငွေလွှဲများကို တစ်ဒေါ်လာ ကျပ် ၃၀၀၀ ဖြင့် ငွေလွှဲများ လက်ခံထည့်ပေးမည်ဖြစ် ကြောင်း အတည်ပြုကြောင်း Hana Bank Myanmar Page က ထုတ်ပြန်ထားသည်။

“ထပ်မံအတည်ပြုပြီးဖြစ်ပါတယ်။ လွှဲ ထားသူများလည်း အတည်ပြုပြီးဖြစ်ပါတယ်။ စာရွက်စာတမ်း ထပ်တောင်းတာမျိုးမရှိ၊ တို ကင်ယူစရာမလို၊ ငွေပမာဏကန့်သတ်ချက် မရှိ ထုတ်ယူနိုင်ပါတယ်။ အဆင်မပြေတာရှိ ရင် K Pay နဲ့ တိုက်ရိုက်ချိတ်ဆက် ဆက်သွယ် ပေးတာမို့ တာဝန်ခံကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်” ဟု အဆိုပါ  Hana Bank Myanmar Page က ထုတ်ပြန်ထားသည်။

လစာငွေလွှဲဆိုသည်မှာ Hana EZ ထဲ တွင် လက်ခံသူစာရင်းသွင်းသည့်အခါ ငွေလွှဲ ရည်ချက်ချက်တွင် လစာကို ရွေးထားပြီး  စာ ရင်းသွင်းထားပါက အသေးစိတ်အချက်အ လက်တွင် Salary သို့မဟုတ် ကုတ်နံပါတ် “5200” ဟု ပေါ်နေမည်ဖြစ်ကြောင်း ၊  အဆို ပါစာရင်းသွင်းထားသူအားလုံး K Pay သို့ ပြည်ပငွေလွှဲပြုလုပ်ပါက တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ဖြင့် ထည့်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထပ်မံအတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

ငွေလွှဲရည်ရွယ်ချက်တွင် တခြားအသုံး စရိတ်နှင့် စာရင်းသွင်းထားခြင်းမျိုးဆိုပါက  ကြေညာပေးထားသည့်နှုန်းထားဖြင့် မရနိုင် ခြင်းမျိုးရှိသည့်အတွက် ပြန်လည်စစ်ဆေးပေး ရန်၊ အကယ်၍ ရည်ရွယ်ချက် မှားထည့်ထား ပါက မိမိစာရင်းသွင်းထားခြင်းကို ဖျက်ပြီး အသစ်ပြန်လည်စာရင်းသွင်းပြီးမှ ငွေလွှဲပြု လုပ်ပေးပါက အထက်ပါနှုန်းထားဖြင့် ကျိန်း သေရရှိနိုင်မည်ဖြစ်ကြောင်း Hana Bank Myanmar Page ၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

Most Read

Most Recent