ရဟတ်ယာဉ် ဝယ်ယူခြင်းကိစ္စနှင့်ပတ်သက်၍  ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိဖြင့် တရားစွဲထားသည့်အမှုတွက် လူကယ်ပြန်ညွှန်ချုပ်ကို စစ်​ဆေး

ရဟတ်ယာဉ် ဝယ်ယူခြင်းကိစ္စနှင့်ပတ်သက်၍  ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိဖြင့် တရားစွဲထားသည့်အမှုတွက် လူကယ်ပြန်ညွှန်ချုပ်ကို စစ်​ဆေး
Published 7 September 2022

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၈ အတွက် တရားလိုပြသက်​သေ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာနမှ ညွှန်ကြား​ရေးမှူးချုပ်ကို စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

စက်တင်ဘာ ၆ ရက်က နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥ​ပ​ဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဦးဝင်းမြင့်နှင့် ဒေါ်​အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း သိရသည်။

ယ​င်းရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် အမှုအမှတ် ၄၈ အတွက် တရားလိုပြသက်​သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာနမှ ညွှန်ကြား​ရေးမှူးချုပ်အား စစ်​ဆေးခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ တရားလိုပြသက်​သေအဖြစ် လာ​ရောက်ထွက်ဆိုခဲ့သည့် လူကယ်​​ပြန် ညွှန်ကြား​ရေးမှူးချုပ်အနေဖြင့် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့်

တရားစွဲဆိုထားသည့် အမှုငါးမှုအတွက် တရားလိုပြသက်​သေအဖြစ် ထွက်ဆိုမည်ဖြစ်​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့် သတင်းများအရ သိရသည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအား ​​စက်တင်ဘာ ၁၃ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်းသိရသည်။