တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးဓာတ်ရုံအတွက် လိုအပ်သည့် ကျောက်မီးသွေးကို ပြည်တွင်းကျောက်မီးသွေးလုပ်ငန်းရှင်များမှ ဝယ်ယူရန် တင်ဒါခေါ်ယူ

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးဓာတ်ရုံအတွက် လိုအပ်သည့် ကျောက်မီးသွေးကို ပြည်တွင်းကျောက်မီးသွေးလုပ်ငန်းရှင်များမှ ဝယ်ယူရန် တင်ဒါခေါ်ယူ
တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးဓာတ်ရုံ တစ်နေရာကို တွေ့ရစဉ်
တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးဓာတ်ရုံ တစ်နေရာကို တွေ့ရစဉ်
Published 6 September 2022

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးဓာတ်ရုံအတွက် လိုအပ်သည့် ကျောက်မီးသွေးကို ပြည်တွင်းကျောက်မီးသွေးလုပ်ငန်းရှင်များမှ ဝယ်ယူရန် တင်ဒါခေါ်ယူထားသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ်ကျောက်မီးသွေး သုံးရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေးကို တီကျစ်ဓာတ်အားပေးစက်ရုံအရောက် ဝယ်ယူရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။

တင်ဒါပုံစံအား wuxitigyit@ gmail.com သို့ email ပို့၍လည်းကောင်း၊ Wuxi Hua Guang (Myanmar) Co.,Ltd၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၊ ဖုန်း-၀၉၂၅၀၇၆၆၉၀၆၊  ၀၉၄၀၃၇၄၂၉၆၆  သို့ လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ယခုကြေညာသည့်ရက်မှစ၍ တင်ဒါပိတ်ရက်မတိုင်မီ အခမဲ့တောင်းခံနိုင်ပြီး လက်ခံရရှိကြောင်းကို ပြန်ကြားပေးရမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါပုံစံအား email ဖြင့် တောင်းခံ/ပေးပို့ပါက အကြောင်းတစ်စုံတစ်ရာကြောင့် တင်ဒါပုံစံမရရှိခြင်း၊ မပေးပို့နိုင်ခြင်းများရှိပါက Wuxi Hua Guang (Myanmar) Co.,Ltd တွင် တာဝန်မရှိပါ။ တင်ဒါအဆိုပြုလွှာ တောင်းခံသူစာရင်းအား မှတ်ပုံတင်ရန်အတွက် တောင်းခံရာတွင် တောင်းခံသူအမည်၊ ရာထူး၊ ကုမ္ပဏီအမည်၊ လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့အား ပြည့်စုံစွာဖော်ပြ၍ တောင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တင်ဒါတင်သွင်းလွှာအား တင်ဒါပိတ်ရက်ဖြစ်သော ၂၀၂၂ ခုနှစ် အောက်တိုဘာ  ၅ ရက် မွန်းလွဲ ၂ နာရီတွင် လက်ခံသွားမည်ဖြစ်ပြီး နောက်ကျတင်သွင်းမှုများအား လက်ခံမည်မဟုတ်ကြောင်း၊ တင်ဒါနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက Wuxi Hua Guang (Myanmar) Co.,Ltd၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အား ပေးစက်ရုံ၊ ဖုန်း-၀၉၂၅၀၇၆၆၉၀၆၊  ၀၉၄၀ -၃၇၄၂၉၆၆ သို့ စုံစမ်းနိုင်ကြောင်း သိရသည်။

 

 

 

 

Most Read

Most Recent