ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် လစာဝင်ငွေများကို  လွတ်လပ်စွာ လွှဲ ပြောင်းရောင်းချနိုင်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် လစာဝင်ငွေများကို  လွတ်လပ်စွာ လွှဲ ပြောင်းရောင်းချနိုင်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်
Published 30 August 2022

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် လစာဝင်ငွေများကို အခြားသူသို့ ရောင်းချခြင်း၊ ဘဏ်သို့ လွှဲပြောင်းခြင်းတို့ လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်က ၂၀၂၂ခုနှစ် သြဂုတ် ၃၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၂ကို ထုတ်ပြန်လိုက်သည်။

မြန််မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(ခ)အရ အပ််နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer) လိုင်စင်ရဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်းပေးပို့သည့် ပြည်ပရောက် မြန််မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော လုပ်ခ သို့မဟုတ် လစာဝင်ငွေများကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ အခြားသူသို့ လွှဲပြောင်းခြင်း၊ ဘဏ်သို့ ရောင်းချခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ခ သို့မဟုတ် လစာဝင်ငွေများကို တဝ်ဆင့်ဝယ်ယူထားသည့် လူ၊ ကုမဏီ၊ အဖွဲ့အစွဲ့အစည်းများအနေဖြင့် ထပ်ဆင့်ရောင်းချခြင်းမပြုရ။ မိမိကိုယ်တိုင်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်သို့ ရောင်းချခြင်းကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အထက်ပါညွန်ကြားချက်များအတိုင်း ဆောင်ရွက်ရာတွင် AD လိုင်စင်ရဘဏ်သို့ နိုင်ငံခြားငွေ ဝင်ရောက်သည့်နေ့မှစ၍ အပြီးသတ်ရောင်းချသည်အထိ အချိန်ကာလစုစုပေါင်းသည် ၂၁ ရက်ထက် ကျော်လွန်ခြင်းမရှိစေဘဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ယင်းအမိန့်ကြော်ငြာစာသည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent