သြဂုတ်လ နောက်ဆုံးပတ်တွင် ပြည်တွင်းရွှေစျေးနှုန်း သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးအဖြစ် ကျပ် ၂၉ သိန်းအထက်သို့ ရောက်ရှိခဲ့

သြဂုတ်လ နောက်ဆုံးပတ်တွင် ပြည်တွင်းရွှေစျေးနှုန်း သမိုင်းတစ်လျှောက် စံချိန်တင်အမြင့်ဆုံးအဖြစ် ကျပ် ၂၉ သိန်းအထက်သို့ ရောက်ရှိခဲ့
Published 28 August 2022

သြဂုတ်နောက်ဆုံးပတ်တွင် ပြည်တွင်း ရွှေစျေးနှုန်း သမိုင်းတစ်လျှောက် စံချိန်တင်အ မြင့်ဆုံးအဖြစ် ကျပ် ၂၉သိန်း အထက်သို့ရောက် ရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၇ ရက် ပြင်ပစျေးကွက်တွင်  ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၂၉သိန်း အထက် သို့ စံချိန်တင်ရောက်ရှိခဲ့သော်လည်း ရန်ကုန် ရွှေအသင်းက ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၀၃၇၀၀၀ ဖြင့် စျေးပိတ်ခဲ့ကြောင်း ရွှေ ရောင်းဝယ်သူများထံမှသိရသည်။

သြဂုတ်၂၇ ရက်တွင် အခေါက်ရွှေစျေး  နှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၈၉၅၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့်ခဲ့ပြီး သြဂုတ် ၂၇ ရက် နေ့လယ်တွင် ၂၉၃၀၀၀၀ အထိ စံချိန် တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သြဂုတ် ၂၇ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ပြင်ပစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၂၈၈၅၀၀၀  ဝန်းကျင်သို့ ပြန် လည်ကျဆင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်တွင် အခေါက် ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသို့ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်  တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လယ် ပိုင်းတွင် ၂၈ သိန်းကျော်အထိ စံချိန်တင်မြင့် တက်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်၌ ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်၌ ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ၌ ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်၌ ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ အဆိုပါ သတ်မှတ်စျေးနှုန်းအား အရောင်းဘောက်ချာ တွင်သာရေး၍ ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ ဝယ်ယူရာတွင် ပြင်ပပေါက်စျေးဖြင့်သာ ပေး ချေဝယ်ယူနေရခြင်းဖြစ်သည်။

ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေ လဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ်ပြု လုပ်ရန် ညွှန်ကြားထားသော်လည်း  ရွှေလုပ် ငန်းရှင်များက စျေးကွက်တွင်မူ အဆိုပါစျေး ဖြင့် ဝယ်ယူမရနိုင်ဘဲ ပြင်ပပေါက်စျေးဖြင့်သာ ဝယ်ယူရောင်းချနေရသဖြင့်ယင်းကဲ့သို့ ရောင်း ချနေရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent